Part ( 27 )

1.5K 82 6
                                    


" ဟာ.. ''

ဂျစ်တူး အော်ငိုသံကြောင့်
ဦးကမ္ဘာမောင် ဟာသွားလေသည်။

" ဘယ်..ဘယ်သူ့ကို.. အဖေ လာခေါ်နေတာလဲ
ရှုပ်ရှုပ် ရှက်ရှက်ကွာ.. ''

" ဟင့်.. မရှုပ်မရှက်ပါဘူး..အဖေအသစ်ကလည်း
အဖေအသစ်သာ သားဖေကြီးဆီပြန်သွားရင်
လွယ်လွယ်လေးဘဲဟာကို''

" ဟေ့ကောင်..ငါက မင့်ကိုသတ်ခြင်နေတဲ့လူနော်
တစ်ဖအေဘဲဖအေသစ်မနေနဲ့''

" သတ်သတ်ဗျာ.. အဖေသစ်သာ..သားအဖေသစ်
လုပ်ပေးမယ်ဆိုရင်..သားအသတ်ခံ
လိုက်မယ်''

အရှေ့ကကောင်လေးစကားကြောင့်
ကမ္ဘာမှောင်ကျွတ်သာ သတ်မိတော့သည်။
ဒီကောင်လေး တစ်ကယ်ကိုမလွယ်။
သောက်ကျင့်ကိုကသူ့အဖေသွင်သံအတိုင်းဘဲ။

တိတ်ဆိတ်သွားတဲ့ ဦးကမ္ဘာမောင်ရှိရာ
ခေတ် ေလျှာက်သွားလိုက်ပြီး
ဦးကမ္ဘာမောင် ထိုင်ခုံအရှေ့ဒူးထောက်
ကာလက်အုပ်ကလေးချီလိုက်၏။

ဇုန်အပါအဝင် သူရိန်နှင့်လေပြေပင်
ခေတ်လုပ်ပုံကြောင့်ကြောင်အသွား
ကြသည်။

သူတို့နည်းသူဦးကမ္ဘာမောင်လည်း
ကြောင်သွားသည်ထင်။
မျက်စိမျက်နှာပျက်ဖြင့်ထိုင်မကောင်း
ထမကောင်းဖြစ်နေလေ၏။

" ဟေ့ ဟေ့ကောင်လေး.. မင်း..မင်း
ဘာတွေလာအရူးထနေတာလည်း''

" သားရှိခိုးပြီးတောင်းပန်တာပါအဖေ..
ဖေကြီးက.. အဖေကိုဘယ်တုန်းကမှ
မမေ့ထားခဲ့ပါဘူး..သားကြောင့်သာမဟုတ်ရင်
အဖေနဲ့ဖေကြီးအခုဆိုပျော်ရွှင်နေရမှာ
ဒါကြောင့် သားက..ဒီလိုရှိခိုးပြီးတောင်းပန်တာပါ
သားဖေကြီးဆီပြန်လာခဲ့ပေးပါနော်..
သားကိုလည်းမမုန်းဘဲ..ချစ်ပေးပါ
နော်..နော်..အဖေ ''

ကမ္ဘာကောင်လေးပုံစံကြောင့်
သွေငိုင်သွားရသည်။

အတန်ကြာကောင်လေးကိုငေးကြည့်ပြီး
ကမ္ဘာဝိုင်ကထလိုက်၏။
ထို့နောက် ဘာတစ်ခွန်းမှမပြောဘဲ
ထွက်လာခဲ့လိုက်သည်။

" အဖေသစ်..''!

ကောင်လေးရဲ့ ငိုသံရောနေတဲ့ခေါ်သံကို
ကြားလိုက်သည်။သို့သော်ပြန်လှည့်မကြည့်ခြင်။
နှစ်ပေါင်းများစွာရင်ကွဲမတတ်ခံစား
ခဲ့ရမှု့တွေကဒီကလေးရဲ့
လက်အုပ်ချီတောင်းပန်မှု့ကြားမှာ
ပြီးပြတ်သွားတော့မလို့လား။

Daddy ရဲ့ baby ဂျစ်တူး ( Un +ZG)Where stories live. Discover now