Part-6

3.6K 157 0
                                    


daddy ရဲ့  baby ဂျစ်တူး

{ Part-6 }

" ဆင်ပြေရဲ့လား သား "

ဖုန်းထဲက အမေ့ အမေးအဆုံး သက်ပြင်းရှည်ကြီး
ကို ဇုန် ချမိသည်။ အဆင်ပြေရဲ့လား!?တဲ့
မေး ၊...မေးတတ်ပါပေရဲ့ အမေရယ်။
အမေ့သား တစ်ညထဲကနဲ့ အသားကင်
ဖြစ်လု ဖြစ်ခြင် ဖြစ်သွားမှန်းတာ
အမေ သိရင် ဘယ်လောက်များရယ်
နေလိုက်မလဲ??

" ဟဲ့သားကြီး...အမေ မေးတာ ကြားရဲ့လား??

" ဟူး...ကြားတယ်အမေ...သား ဖြေစရာ
အဖြေမရှိလို့ ငြိမ်နေလိုက်တာ "

" ဗုဒ္ဓော...အမေ မေးသာ ရှင်းရှင်းလေးပါ
သားကြီး ရယ် ...သားအတွက် အဲ့မေးခွန်းက
ဖြေဖို့အပန်းကြီးနေလို့လား?? ပြောပါအုန်း "

" ကြီးတာပေါ့ အမေရာ...သားလေ တစ်ညထဲနဲ့
သေခြင်စိတ်ပါ ပေါက်သွားဒါ "

" အဟွန့် ...ဘုရား ...အမေ့သားကြီး
သေခြင်စိတ် ပါ ပေါက်သွားတယ် ဆိုပါလား
ကြားသားမိုးကြိုး ဒီတစ်ကြိမ်ဘဲ အမေ့သား
ပါစပ်က သေခြင်တယ်ဆိုတဲ့စကား
ကြားဖူးတော့တယ် ...ကြည့်ရတာ အမေ့သမက်လေးက
တော်တော်လေး လက်စွမ်းပြလိုက်ပြီထက်တယ် "

" လက်စွမ်းပြမပြတော့မသိဘူး အမေ
သားလက်နုနုကတော့ သွေးချည်ဥယုံမကသွေးပါ
ထွက်သွားပြီ ...တကယ့်ခွေးပေါက်လေးဘဲ
အမေရာ...သားရဲ့ အသားကို အသားကင်မှတ်
ပြီး ကိုက်လေရဲ့ "

" ဟက်ဟက်...ဟက်ဟက် ..."

" ဟာ...မရယ်နဲ့ အမေရာ ...သားဒီမှာ
အတော် စိတ်ညစ်နေတာ "

သူ့အပြောကို ရယ်လာတဲ့ အမေကြောင့် ဇုန်
အလိုမကျဘဲ စူပုတ်လိုက်သည် ။

" ဟက် ...မရယ်နဲ့ဆိုလဲ မရယ်တော့ပါဘူး
ဒါနဲ့ အမေ့သမက်လေးကော ခုဘယ်မှာလဲ"

" အပေါ်မှာ ရေချိုးခိုင်းထားတယ် 1နာရီလောက်
ကြာပြီ ရေချိုးပြီးဆင်းခဲ့ဆိုတာ မဆင်းခဲ့
နိုင်သေးဘူး "

" ဟက်,, အမေ့သားက စိတ်လျှော့ပါ
သူက ခလေးဘဲ ရှိသေးတာ သူလုပ်သမျှ
လူကြီးဖြစ်တဲ့ အမေ့သားက ခွင့်လွှတ်လိုက်ပေါ့ "

" သားလဲ ခွင့်လွှတ်နိုင်သမျှ ခွင့်လွှတ်ထားပါတယ်
ဒါနဲ့ အမေ ...သားကော "

Daddy ရဲ့ baby ဂျစ်တူး ( Un +ZG)Where stories live. Discover now