part-3

4.3K 204 0
                                    

daddy ရဲ့  baby ဂျစ်တူး

{ Part-3 }

" ဟော့ သားကြီး ပြန်လာပြီလား "

" ဟုတ်ကဲ့ အမေ "

ခမ်ဆိုးဆိုး ကောင်လေးကို အိမ်သူအဖြစ်
ရလိုက်တဲ့ဇုန်။ကောင်လေးရဲ့ တွေ့တာနဲ့
ရန်ထောင်ပြုမှုပုံတွေကြောင့် အိမ်ပြန်လမ်း
တစ်လျှောက်လုံး အပြုံးတွေဝေခဲ့ရသည်။

သူ့ကို အသက်ကြီးကြီး ပါးရည်တွန့်တွန့်လို့
စွမ်စွဲခဲ့တဲ့ကောင်လေး။တစ်ကယ်လက်တွေ့
ပုံစံ အမှန်လဲ မြင်လိုက်ရော ဖြစ်သွားတဲ့
ပုံစံလေးက အသည်းယားစရာ ကောင်း
လွန်နေသည်။

" အခြေအနေ ဘယ်လိုလဲသားကြီး "

အမေ ဘယ်လောက်များ ချွေးမတော်လေး
အကြောင်း သိခြင်နေပြီ မသိ။ ပြန်လာတဲ့
သူပင် မထိုင်ရသေး အခြေအနေကို
လှမ်းမေးနေလေပြီ။

ဇုန် ဂနာမငြိမ် ဖြစ်နေတဲ့ အမေအနား
ဝင်ထိုင်၍ အမေနှင့် မျက်နှာခြင်းဆိုင်လိုက်ကာ။

" အမေ သူ့ကို ချွေးမတော်ရမှာပါ "

" ဟင် တကယ်လား ...ကောင်လေးက
သားကို လက်ခံလိုက်တယ်ပေါ့ "

အမေ့ အမေးကြောင့် သူရယ်လိုက်သည်။
သူ့ကို တွေ့လို့ ဖြစ်ပျက်သွားတဲ့ ကောင်လေး
မျက်နှာကို ပြေးမြင်မိရင်း သိခြင်စိတ်ဖြစ်
မေးခွန်းထုတ်နေတဲ့ အမေကို ခေါင်းငြိမ့်ပြ
လိုက်လေသည်။

သားဆီက ခေါင့်းငြိမ့်ပြလာ၍ ပြောပြမရအောင်
ပျော်သွားတဲ့ ဒေါ်သန်းအေး။နောက်ဆုံးတော့
သူ(မ) ဖြစ်ခြင်ခဲ့သလို ဒီကောင်ဆိုလေးကို
သားကြီးဇုန်ရဲ့ အိမ်သူ အဖြစ် မြင်ရတော့မည်။

" အမေ ...ပုကီလေးကော "

" အော် မနက်စာ စားပြီး ပြန်အိပ်နေလေရဲ့ "

" ဟင် နေမကောင်းလို့လား အမေ "

ဇုန် သူ့ဘဝမှာ သားပုကီသာ အရေးကြီးဆုံး
လူသားလေးမို့ မနက်စာ စားပြီး အိပ်နေတယ်
ဆိုတဲ့ အမေ့စကားက သားလေးများ
နေမကောင်းလို့လား ဟူသည့်အတွေးကို
တစ်ဆက်ထဲ ဝင်ရောက် သွားစေသည်။

" မဟုတ်ပါဘူး  သားကြီးရယ် ...မြေးလေးက
မနက်က သားမခေါ်သွားလို့ဆိုပြီး ရွှေစိတ်တော်
ကောက်ပြီး အခန်းထဲ ဝင်အိပ်နေလေရဲ့ "

Daddy ရဲ့ baby ဂျစ်တူး ( Un +ZG)Where stories live. Discover now