Part-17

2.8K 116 2
                                    


Unicode

Daddy ရဲ့ baby ဂျစ်တူး

Part-17

" သတိရလာပြီလား..ကိုတော်ချော..''

ကုတင်ပေါ်က လုပ်နိုးလာတဲ့အကောင်ပေါက်ကို
လက်ပိုက်ပြီး ရပ်ကြည့်နေတဲ့ ခန့်မင်း။
မျက်ဝန်းတွေက ဒေါသထွက်နေ၍
အရောင်​ေသာက်လို့။

" ခများ..ခများ.ဘယ်ကဘယ်လို..''

"ရီး..ဘယ်ကဘယ်လိုလား...
မင်းဘာလုပ်တာလဲ..ဘာလို့မကြောက်မလန့်
တုနှိုင်းဇုန် ရဲ့လူကိုမှ သွားထိရဲတယ်..
ဘာလဲ လူ့ပြည်မှာ ကြာကြာမနေခြင်တော့လိ​ု့လား''

"အီး...''!

ခေါင်းပတ်တီးကြီးနဲ့ မရှု့မလှရှူံ့မဲ့သွားတဲ့
မျက်နှာအရ...ခေတ်က ဇုန်ရဲ့လူမှန်း
ဒီကောင်ပေါက်မသိခဲ့တဲ့ပုံ။

" အခုမှ လာအီးမနေနဲ့..ငါကယ်လို့မင်းအသက်ရှင်
နေတယ်မှတ်..မဟုတ်ရင်..မင်းဇုန် လူကိုထိမှု့နဲ့
အရိုးတစ်ခြားအသားတစ်ခြား
ဖြစ်နေလောက်ပြီ  ''

"ကျစ်...သိပါ့မသိတာ ခများရာ
သိရင် ဘယ်သူက လုပ်မှာလဲ..''

"မသိလည်း မင်းလုပ်စရာလား..ဘာလို့
လူတစ်ယောက်ကိုအလိုမတူဘဲ ရယူဖို့လုပ်တာလဲ
ငါစဥ်းစားလို့ကို မရဘူး..''

"ခများမသိပါဘူး...''

"အေ..မသိလို့မေးနေတာလေ 
မသိတဲ့လူကိုရှင်းပြရမှာကမင်း..
ကဲပြော ဇုန့် ကလေးကိုထိရတဲ့
အကြောင်းအရင်း...အေ..သေသေခြာခြာ
​ပြောနော်..လူယုံအောင်လဲပြော မဟုတ်ရင်
မင်းကို ဇုန်လက်ထဲ ထည့်ပစ်လိုက်မယ်...''

" ဟာ..ခများကတော့..အရင်အတိုင်းဘဲ
ဘယ်တော့မှ ကျွန်တော့ကိုဆိုမယုံဘူး..''

"မင်းကကော ယုံကြည်အောင်
ဘယ်နှစ်မျိုးလုပ်ခဲ့ဖူးလို့လည်း...''

"ခများ..တော်ပြီ မပြောခြင်တော့ဘူး..''

"ဟေ့ဟေ့ မပြောလို့တော့မရဘူး..ဇုန်က
မင်းကိုသတ်ခြင်နေတာနော်.ငါမနဲတားထားလို့..''

ခန့်မင်းပြောလိုက်တော့..စူးရဲစွာ
ပင့်ကြည့်လာတဲ့ကောင်ပေါက် မျက်ဝန်းတွေ။
တစ်ခုခုကို ထိုမျက်ဝန်းတွေက ဆဲဆိုနေသလို
ဖြစ်နေသည်။

Daddy ရဲ့ baby ဂျစ်တူး ( Un +ZG)Where stories live. Discover now