Part-21

3.5K 128 6
                                    


Unicode

Daddy ရဲ့ baby ဂျစ်တူး

Part-21

" daddy ဘယ်အချိန်အထိ သားကို
ဒီလို ဆက်ဆံနေမှာလဲ ''

ဇုန် မဂ်လာပွဲအပြီး မဂ်အလာအိပ်အခန်းထဲ
ဝင်သည်နှင့် မျက်နှာငယ်လေးနဲ့ပြောနေတဲ့
ဂျစ်တူးကြောင့် ချွတ်ဖို့​ပြင်နေတဲ့
သတို့သားဝတ်စုံကိုမချွတ်သေးဘဲ
ကုတင်ပေါ်ခြေကလိမ်ချိတ်ထိုင်လိုက်သည်။

ခေါင်းပေါ်က ပတ်တီးကို ဖြုတ်ထားပေမဲ့
ဒဏ်ရာရထားတဲ့နေရာကိုတော့ ဂွမ်းစနဲ့
တိတ်ကပ်ပြီးအုပ်ထားတုန်း။ကျိုးနေတဲ့လက်က
ပြင်းထန်သည့်အတွက် လည်ပင်ကနေ
ကြိုးဆိုင်းထားရသေးသည်။ ဒီပုံစံနဲ့မနက်က
မဂ်လာပွဲဝင်ခဲ့ပုံကိုတွေးမိတော့ စိတ်ထဲ
ရယ်လိုက်မိ၏။

" ဟင့်...daddy သားမှားပါတယ်
သားနောက်တစ်ခါ ဒီလို မဆိုးတော့ပါဘူး
သားကိုစကားမပြောဘဲမနေပါနဲ့
သား..ဟင့်..သား..မနေတတ်လို့ပါ..''

ဘယ်ကတည်းက ငိုချင်လို့အောင့်ထားလည်း
မသိဘူး။သူ့အရှေ့ ထိုင်ချပြီးငိုနေလိုက်တာများ
နှာသီးထိတ်လေးတွေတောင်ရဲတက်လို့။

" သေခြာလား နောက်တစ်ခါ မလုပ်တော့ဘူး
ဆိုတာ...''

မေးလိုက်တော့ ငိုနေတာရပ်ပြီး
မျက်ရည်တွေအပြည့်ရှိ​နေတဲ့ မျက်ဝန်းတွေ
နဲ့မော့ကြည့်လာပြီး ခေါင်းတစ်ဆက်ဆက်ငြိမ်​့
ပြနေပုံမှာ အသည်းယားစရာ။

" ဒါဆိုလာ...ကိုယ့်ဆီ ''

လက်နှစ်ဖက်ဆန့်တန်းပြီး လာဖို့
ပြောလိုက်တော့ချက်ခြင်းထလာတဲ့ကလေးငယ်က
ခြေကလိမ်ချိတ်ထားတဲ့ သူခြေထောက်တွေကို
ခွထိုင်ပြီး ရင်ခွင်ထဲအတင်းတိုးဝင်တော့သည်။

" ဟင့်..သားကတိပေးတယ်..သားနောက်ခါ
Daddy ဆေးရုံတက်ရတဲ့အထိ
မဆိုးတော့ပါဘူးနော်... ''

ဟက်.... ! တစ်ကယ့်ကလေး။
မဆိုးတော့ဘူးလို့တော့ လုံးလုံးကတိမပေးဘူး။
Daddy နောက်ခါ ဆေးရုံတက်ရတဲ့အထိ
မဆိုးတော့ပါဘူးဘဲပြောတယ်။ဆိုလိုတာက
ဆေးရုံမတက်ရတဲ့ဆိုးနည်းမျိုးနဲ့ဆိုးအုန်း
မဲ့သဘော။

ကလေးငယ်ကို ကြာကြာစိတ်မဆင်းရဲစေ
ခြင်တော့တာနဲ့ ကျောပြင်လေးကို
ခပ်ဖွဖွပွတ်ပေးရင်း နှစ်ရက်သုံးရက်
အလွမ်းတွေကို ဇုန်ဖြေနေလိုက်သည်။

Daddy ရဲ့ baby ဂျစ်တူး ( Un +ZG)Where stories live. Discover now