Part 1

4.7K 157 0
                                    

Unicode
Flower That Sleeps Like The World
Part 1
Yizhan Fanfic

***************************
ဒါလေးကကိုယ့်ရဲ့တတိယမြောက်ficလေးပါ။ဒီထဲမှာကျန့်ကောရဲ့chaကနည်းနည်းweakဘက်ကိုသွားပါတယ်။အဲ့တာကြောင့်သဘောကျမှဖတ်ပါနော်...
****************************

တစ်ယောက်ထဲထွက်လာမိတာမှားပြီလားဟုနောင်တရချင်သည်....ခြေလှမ်းတို့ကိုအသွက်ဆုံးလှမ်းသည့်တိုင် သူ့ရဲ့ခြေလှမ်းတွေကိုရှောင်းကျန့်ဘယ်လိုမှရှောင်မပြေးနိုင်ပေ။

”ကျန့်လေး...”

ခေါ်သံနှင့်အတူအနားရောက်လာသည်က
ချောင်ယွမ်

”ငါ့ကိုမနှောင့်ယှက်ပါနဲ့ချောင်ယွမ်”

”sorry ဘဲကျန့်လေး...ကိုယ့်ခြေထောက်တွေကဘယ်သူ့အမိန့်မှမနာခံတတ်ဘူး...”

အထက်တန်းကိုသုံးကြိမ်ကျရှုံးပြီးဘာအလုပ်အကိုင်မှမလုပ်ဘဲမိဘလုပ်စာထိုင်စားနေသူ....အပေါင်းအသင်းတွေနှင့်လက်ဖက်ရည်ဆိုင်ထိုင်သည်။လမ်းထိပ်အုတ်ခုံတွင်ဂစ်တာတီးရင်းဟေးလားဝါးလားအော်တတ်တာချောင်ယွမ်ရဲ့အလုပ်ဖြစ်သည်။ဒေါ်လေးချင်းတို့ရပ်ကွက်ထဲကိုရှောင်းကျန့်စရောက်ထဲကအရိပ်လိုလိုက်နေတတ်သူ.......

”ရပ်ကွက်ထဲမှာကြားနေရတဲ့သတင်းတွေကအမှန်ဘဲလားကျန့်လေး..”

”ဘာ...ဘာလဲငါဘာမှမသိဘူး..”

”မသိချင်ယောင်ဆောင်နေတာလား..ဒါဆို ဒဲ့ဒိုးမေးရမှာပေါ့ကျန့်လေးကိုဇိမ်ခံကားကြီးနဲ့ပုဂ္ဂိုလ်ကြီးကလာတောင်းတာဆို....”

”ဟင်.....”

”သက်ကြားအိုကြီးက ကျန့်လေးကိုသိမ်းပိုက်တာခံမလို့လား...ကိုယ်တောင်းထားတဲ့အဖြေကိုကျန့်လေးအခုဖြေပါ...”

”ဟင့်အင်း ငါတောင်းပန်ပါတယ်...”

ရှောင်းကျန့်ပြောပြီးလှည့်ထွက်ရှောင်တော့ချောင်ယွမ်ကဖျတ်ခနဲလက်ကိုဖမ်းဆွဲထားသည်။

”လွှတ်..လွှတ်ပါ”

”မလွှတ်နိုင်ဘူးကျန့်လေး...ကိုယ်ကြား​နေတဲ့
သတင်းမှန်တယ်ဆိုရင်မင်းကို ကိုယ်အဆုံးရှုံးခံရတော့မှာပေါ့..ဒါကို ကိုယ်လက်မခံနိုင်ဘူး။ကျန့်လေးကိုယ်နဲ့လိုက်ခဲ့ပါ။ကိုယ့်အဖေအရွယ်လောက်ရှိတဲ့လူကြီးကိုဘာလို့ယူမှာလဲ...”

A Flower That Sleeps Like The World   {Complete}Where stories live. Discover now