Part 4

1.5K 124 0
                                    

Unicode
A Flower That Sleeps Like The World
Part 4
Yizhan Fanfic

”သားရိပေါ်ကိုရှင် မရှာဖွေနိုင်တော့ဘူးမဟုတ်လား အစ်ကိုဝမ်...”

”ကိုယ်လည်းရှာနေတာဘဲ ယွီလန်ဒါပေမယ့်..သားက ကိုယ်နဲ့မဆုံအောင်တမင်ရှောင်နေတော့ရှာရတာခက်နေတယ်....…”

”အစ်ကိုဝမ်နဲ့လက်ထပ်မယ့်ကောင်လေးကိုသားရိပေါ်ကခေါ်သွားလို့နာကျည်းပြီးတမင်ဥပေက္ခာပြုထားတာတော့မဟုတ်ပါဘူးနော်....”

”ယွီလန်..မင်းဘာစကားပြောလိုက်တာလဲခုချိန်မှာငါစိုးရိမ်နေတာသားအတွက်လည်းပါသလိုရှောင်းကျန့်ဆိုတဲ့ကောင်လေးအတွက်ပါ ပါတယ်....ဘာဖြစ်လို့လဲဆိုတော့ရှောင်းကျန့်ရဲ့အဖေကငါ့အတွက်ကျေးဇူးရှင်တစ်ယောက်ကွ...”

”အဲ့ဒီ့ကျေးဇူးရှင်ကိုကျေးဇူးဆပ်ချင်တာနဲ့သူ့သားကိုလက်ထပ်ဖို့စီစဥ်လိုက်တာလို့ပြောချင်တာလား အစ်ကိုဝမ်....ယွီသားကိုပြန်တွေ့ပြီးတာနဲ့အစ်ကိုဝမ်တောင်းဆိုတဲ့ကွာရှင်းစာချုပ်ကို ယွီလက်မှတ်ထိုးပေးမယ်..သားရိပေါ်ကိုတော့အဲ့ဒီကောင်လေးနဲ့လုံးဝသဘောမတူဘူး...”

”အခုမင်းသားကအဲ့ဒီ့ကောင်လေးကိုခိုးယူသွားတာယွီလန်...”

”သားရိပေါ်ခမျာယွီနဲ့အစ်ကိုဝမ်တို့မိဘတွေကြားမှာမြေစာပင်ဖြစ်ခဲ့ရတာပါ...ကိုယ်နဲ့မျိုးတူယောက်ျားတစ်ယောက်ကိုအကြောင်းမဲ့လက်ထပ်လိုက်ရတာတော့ ယွီအဖြစ်မခံနိုင်ဘူး...ဒါသားရိပေါ်ဘဝတစ်ခုလုံးအတွက်အရေးကြီးတဲ့ကိစ္စပါ...-”

”အခုချိန်မှာအဲ့တာတွေအသာထားဦးယွီလန်..သူတို့နှစ်ယောက်ကိုအမြန်ဆုံးပြန်တွေ့ဖို့အရေးကြီးတယ်..”

”သိတယ် အစ်ကိုဝမ်ဒါကြောင့် ယွီလည်းသားကိုရှာမှာဘဲ..သတင်းစာထဲက ကိုကြော်ငြာထည့်ခေါ်ရမယ်...”

”နေဦး ယွီလန်..အရမ်းဇွတ်မလုပ်စေချင်ဘူးဘာလို့လဲဆိုတော့ကောင်လေးဘက်ကသူ့အဒေါ်မိသားစုသိထားတာကသားနဲ့ရှောင်းကျန့်ကို ကိုယ် ကိုယ်တိုင်ကြည်ဖြူပေးစားမယ်လို့သိထားတာ...…”

”အို...အဓိပ္ပါယ်မရှိတာ ယွီသဘောမတူဘူး...”

”သဘောမတူတာနောက်ကိစ္စတွေဘဲယွီလန်..ဒီလိုမှမပြောရင်သားမှာအန္တရာယ်ရှိတယ်....ဘာလို့လဲဆိုတော့ရှောင်းကျန့်ကိုသားကအဓမ္မခေါ်ဆောင်သွားခဲ့တဲ့သဘောသက်ရောက်နေတယ်...ဘယ်လိုဘဲယောက်ျားလေးချင်းဆိုဆိုဒီကိစ္စကပြဿနာဖြစ်နိုင်တယ် ယွီလန်...”

A Flower That Sleeps Like The World   {Complete}Where stories live. Discover now