Unicode
A flower that sleeps like the world
Part 9
Yizhan Fanficရှောင်းကျန့်ညနေထဲကဝမ် ပြန်အလာကိုမျှော်နေမိသည်.....ဒါပေမယ့်မိုးချုပ်သည်အထိပြန်မလာခဲ့ပါ.....
ရှောင်းကျန့်တစ်ယောက်ထဲမနေရဲတော့တာမို့တံခါးကိုထပိတ်လိုက်သည်....
ည၈နာရီအထိပြန်မရောက်သေးတဲ့ဝမ်ရိပေါ်ကြောင့်ရှောင်းကျန့်စိုးရိမ်စိတ်တွေလှုပ်ခတ်စပြုလာသည်....အတွေးတွေနှင့်စိုးထိတ်စပြုနေတုန်းမှာဘဲမိုးကဝေါခနဲရွာချလာသည်...နောက်လျှပ်စစ်မီးကပါဖြတ်သွားတော့သည်....
”ရှောင်းကျန့်....ရှောင်းကျန့်....”
ရှောင်းကျန့်တစ်ယောက်တည်းမိုးထဲလေထဲမှောင်မှောင်ထဲဝမ့်ရဲ့အသံကိုကြားလိုက်ရတာကြောင့်မီးခြစ် ခြစ်ပြီးဖယောင်းတိုင်မီးကိုထွန်းလိုက်သည်...ပြီးမှပိတ်ထားသောတံခါးကိုအမြန်ပြေးဖွင့်ရသည်....
”လာ...လာပြီဝမ်....”
”မီးပျက်နေတာလား...တက္ကစီငှားရတာခက်လို့နောက်ကျသွားတာ....”
ရေစိုအဝတ်တွေကိုလဲဖို့ရှောင်းကျန့်ကပုဆိုးနဲ့အကျ်ီကိုယူပေးလိုက်သည်....အဝတ်အစားလဲပြီးတော့ရှောင်းကျန့်ကသဘတ်လှမ်းပေးလိုက်သည်....
”ခေါင်းကရေတွေသုတ်လိုက်ဦးဝမ် ဖျားနေဦးမယ်....”
”ရတယ်...ရော့မင်းစားဖို့ဒံပေါက်ဝယ်လာတာရေမစိုအောင်ကြွပ်ကြွပ်အိတ်နဲ့ထုပ်လာတာစားလိုက်တော့....”
ရှောင်းကျန့် ဝမ့်လက်ထဲမှကမ်းပေးလာတဲ့ဒံပေါက်ထုပ်ကိုလှမ်းယူလိုက်ပြီးစေတနာဖြင့်တူတူစားဖို့ပြောမိသည်....
”ဟို...ဝမ်တူတူစားကြမလားကိုယ်ပန်းကန်ထဲခွဲထည့်လိုက်မယ်လေ...”
”ကိုယ်စားခဲ့ပြီးပြီ...မင်းဘာသာမင်းဘဲစားလိုက်တော့....”
ပြောရင်းအိမ်ခန်းတံခါးကိုသူကသွားပိတ်သည်....
ပြီးတော့ဘာစကားမှထပ်မဆိုတော့ဘဲသူ့အတွက်ပြင်ပေးထားသောအိပ်ယာထက်မှာဝင်လဲဲပြီးအိပ်သွားတော့သည်....ဝမိအိပ်သွားတော့မှရှောင်းကျန့်ကြမ်းပြင်ပေါ်အသာထိုင်လို့သက်ပြင်းချမိသည်...သူတကယ်လန့်သွားမိတာ...ဝမ်သာသူ့ကိုပစ်သွားခဲ့ရင်...ဝမ်သာဒီကိုပြန်မလာခဲ့ရင်ဆိုတဲ့အတွေးကသူ့အတွေးထဲစိုးမိုးနေခဲ့တယ်....
YOU ARE READING
A Flower That Sleeps Like The World {Complete}
Fanfictionဖတ်ခဲ့ဖူးတဲ့normal ဝတ္ထုလေးတစ်ခုကိုYizhanအနေနဲ့ပြန်လည်ပုံဖော်ထားခြင်းဖြစ်ပါတယ်... အမှားပါရင်ခွင့်လွှတ်ကြပါသေချာမမှတ်မိတော့တာမလို့..ကိုယ့်အရေးအသားနဲ့ကိုယ်ရေးမှာမလို့ပါ...💗💗💗 Edit..readerမမတစ်ယောက်ပြောလို့သိလိုက်ရပါပြီဆရာမသျှင်မရဲ့ဝတ္ထုလေးပါနော်အခု...