Part 6

1.3K 107 2
                                    

A Flower That Sleeps Like The World
Part 6
Yizhan Fanfic

ရိပေါ်အသေအချာပြန်တွေးကြည့်တော့ တစ်ညလုံးကိုယ်ခံရသည့်ဒုက္ခကမသေး....ခြင်ကိုက်ဒဏ်ရာကော...အအေးမိသည့်ဒဏ်ကောပေါင်းကာလူတောင်ဖျားချင်ချင်ဖြစ်ရသည်....

အားလုံးကိုတွက်ဆချင့်ချိန်ကာသူ့မှာပါလာသောဆွဲကြိုးနှင့်ဟန်းချိန်းကိုရောင်းပစ်လိုက်သည်......

တစ်ယောက်အိပ်ခြင်ထောင်နှစ်လုံး စောင်နှစ်ထည်နှင့်ဖျာနှစ်ချပ်ကိုသူဝယ်သည်...အိမ်နံဘေးသံဇကာမှလေဒဏ်မိုးဒဏ်ကာကွယ်ဖို့အတွက်တော့တာလပတ်အကာတစ်ချပ်ဝယ်သည်....

အထုတ်အပိုးပလတ်စတစ်အိတ်တွေ တစ်ပွေ့တစ်ပိုက်နှင့်သူအိမ်ပြန်ခဲ့တော့အိမ်ထဲမှထွက်ကြိုသူကရှောင်းကျန့်....

သူ့ကိုကြည့်ရင်းကအဝတ်နှစ်စုံသုံးစုံလောက်တော့ဝယ်ပေးရဦးမည်ဟုစိတ်ကတွေးမိသည်.....

"ကို...အဲဝမ် ပေးလေ...ကိုယ်ကူသယ်ပေးမယ်...."

မလိုဘူးဟုငြင်းပစ်ဖို့ပြင်ပြီးမှတစ်ဖက်အိမ်ခန်းတံခါးကရပ်ကြည့်နေသော ချင်ရုံ  ဆိုသူကြောင့်သူ့လက်ထဲကအထုတ်တစ်ချို့ကိုပေးလိုက်ရသည်.....

"ဘာတွေဝယ်လာတာလဲညီလေးရ..."

မသိချင်ယောင်ဆောင်နေကာမှစပ်စပ်စုစုလှမ်းမေးနေတာကိုသူမကောင်းတတ်၍...

"အိမ်အတွက်လိုအပ်တာလေးတွေပါ..."

"အင်းးး....မနေ့ညကမိုးတွေရွာတာအိပ်လို့မှရရဲ့လား..."

"အင်း...ဒီလိုဘဲငုတ်တုပ်ပေါ့ဗျာ...."

"အဟဲ...ငါ့ညီတို့ကအခုမှချစ်စ ခင်စထင်တယ်...ကိုယ်တော့မိုးရေထဲမှာမနေနိုင်လို့အပေါ်ကိုလစ်ပြေးရတယ်...ဟား....ဟား..."

ဘယ်လိုလူစားလဲမသိပါ...စကားပြောတာရဲသလို အကြည့်ကလည်းရဲသည်....ရှောင်းကျန့်မျက်နှာလေးရဲသွားသလို...ဝမ်ရိပေါ်လည်းအနေခက်ခက်ဖြစ်သွားရသည်....

"ဒီမှာမိုးတွင်းဆိုငါ့ညီတို့အခန်းကမိုးပက်ခံရမှာ ပလတ်စတစ်ဝယ်ကာမလား...အစ်ကိုဝယ်ပေးမယ်...တစ်ထောင်နှစ်ထောင်လောက်ဘဲကျမှာပါ..."

A Flower That Sleeps Like The World   {Complete}Where stories live. Discover now