Part 11.2

1.5K 104 3
                                    

Unicode
A flower that sleeps like the world
Part 11.2
Yizhan Fanfic

”ကဲ ရိပေါ်မင်းဘာဖြစ်နေတာလဲငါ့တို့ကိုပွင့်ပွင့်လင်းလင်းပြောစမ်းပါ...ငါတို့ပါဝိုင်းပြီးခေါင်းစားပေးမယ်....”

သူခေါင်းကိုခါယမ်းရင်းကော်ဖီတစ်ငုံမော့သောက်သည်....

”ကဲ...ဒါဆိုငါတို့ပြောမယ်ရိပေါ် မင်းဒယ်ဒီနဲ့မာမီပြန်အဆင်ပြေသွားကြပြီ....”

”ငါဝမ်းသာပါတယ်...ဒယ်ဒီနဲ့မာမီကြားမှာသံယောဇဥ်ရှိနေဦးမယ်ဆိုတာငါယုံတယ်....”

”အေး...မင်းသိတာရှိသလိုမင်းမသိတာတွေလည်းရှိတယ်ရိပေါ်...တကယ်ဆိုမင်းဒယ်ဒီကရှောင်းကျန့်ကိုလက်ထပ်ဖို့အစီအစဥ်ရှိခဲ့တာမဟုတ်ဘူး....”

”ဘယ်လို....”

ရိပေါ် ဟောက်ရွှမ်းရဲ့စကားကြောင့်အံ့အားသင့်စွာပြန်မေးမိသည်...

”ဟုတ်တယ်...မင်းမာမီသူ့အနားပြန်ရောက်လာအောင်စီစဥ်ခဲ့တာဘဲ....”

”ဟင်....”

”ရှောင်းကျန့်ဆိုတာမင်းအတွက်ရည်စူးထားတဲ့မင်းခင်ပွန်းလောင်းကွ...ပြီးတော့မင်းမာမီကလည်းမာနနဲ့ သံယောဇဥ်ပျက်မှတရုတ်ကိုပြန်လာမယ့်ဆိုတော့မင်းဒယ်ဒီကတစ်ချက်ခုတ်နှစ်ချက်ပြတ်စီစဥ်လိုက်တာဘဲ...မင်းကမထင်မှတ်တာလုပ်ချသွားတော့မင်းဒယ်ဒီခမျာရှင်းမရအောင်ရှုပ်ထွေးကျန်ရစ်တာ...”

”ဒါ...ဒါတွေမင်းတို့ဘယ်လိုသိခဲ့ကြတာလဲ....”

”အန်ကယ် ချွေ့လင်နဲ့ငါတို့အမြဲတမ်းအဆက်အသွယ်ရှိတယ်...မင်းလုပ်နေတာအကုန်လုံးအန်ကယ်ကသိနေပြီသားရိပေါ်...မင်းကအန်ကယ့်ကိုလျှော့တွက်တာကိုး....”

”ဟမ်....”

ရိပေါ် မျက်စိရောနားတွေပါရှုပ်ကုန်သည်...ပြဿနာကဒယ်ဒီမွှေးခဲ့သောမီးမဟုတ်ဘဲသူရှို့ခဲ့သောမီးဖြစ်သွားခဲ့ပြီဘဲ...

”အခုအန်ကယ်ကောအန်တီပါမင်းကိုပြန်လာဖို့ပြောလိုက်တယ်....ရှောင်းကျန့်ကိစ္စကိုလည်းမင်းဒယ်ဒီကရှင်းပေးမယ်တဲ့...သူစခဲ့တဲ့ဇာတ်လမ်းကိုသူကိုယ်တိုင်ရှင်းမယ်တဲ့...မင်းတို့နှစ်ယောက်နီးစပ်သံယောဇဥ်တွယ်အောင်စီစဥ်ပြီးမှလက်ထပ်ပေးမယ့်ကိစ္စကပျက်ကုန်ပြီဆိုတော့မချစ်မနှစ်သက်ဘဲဟန်ဆောင်ထားရတဲ့မင်းတို့ကိုတရားဝင်ကွာရှင်းပေးမယ်တဲ့...ရှောင်းကျန့်အဖေရဲ့ကျေးဇူးတရားတွေအတွက်သူရှောင်းကျန့်ကို
သူတခြားနည်းနဲ့ဘဲကျေးဇူးဆပ်မယ်တဲ့.....”

A Flower That Sleeps Like The World   {Complete}Where stories live. Discover now