Part 5

1.4K 117 0
                                    

Unicode
A Flower That Sleeps Like The World
Part 5
Yizhan Fanfic

ဝမ်ရိပေါ်သူ့ကိုခေါ်လာသည့်နေရာကဆင်းရဲသားပျံကျရပ်ကွက်တစ်ခု....
သူတို့နှစ်ယောက်လျှောက်လာရင်းတစ်နေရာရောက်တော့လူတစ်ယောက်ထွက်လာသည်...ထိုသူကသူတို့နှစ်ယောက်ကိုတွေ့တော့...

"ဟာ..ညီလေးအစ်ကိုမင်းကိုစောင့်နေတာကွ.."

"ဆောရီးအစ်ကိုတက္ကစီက ရပ်ကွက်ထဲမဝင်ဘဲရပ်ပေးတော့လမ်းအချိုးမှားပြီးလည်နေလို့....ဘယ်လိုလဲရှာခိုင်းထားတာအဆင်ပြေရဲ့လား...."

"ပြေပါတယ်ကွအစ်ကိုလိုက်ပို့ပေးမယ်...လမ်းလျှောက်သွားမှရမယ်...."

"ရတယ်အစ်ကိုသိပ်မဝေးဘူးမလား..."

"မဝေးပါဘူးလမ်းချိုးသုံးချိုးဆိုရောက်ပြီ..."

ထိုလူကဦးဆောင်ခေါ်သွားရင်းရှင်းပြသည်...

"အိမ်ကခြေတံရှည်နှစ်ထပ်ကွအပေါ်ထပ်မှာအဘိုးကြီးအဘွားကြီးနဲ့မိသားစုတစ်စုနေတယ်....ဆယ်ပေအောက်ထပ်ကိုနှစ်ခန်းခွဲပြီးငှားထားတာ...တစ်ခန်းကလည်းအိမ်ရှင်အဘွားကြီးရဲ့သားအကြီးနေတာပါ...ဒီလူကအိမ်ထောင်ပျက်တစ်ယောက်ထဲသမား...နာမည်ကချင်ရုံ တဲ့..."

ရိပေါ်သူ့ရှေ့ကလူပြောသမျှကိုခေါင်းငြိမ့်နားထောင်နေတဲ့ရှောင်းကျန့်ဆိုတဲ့သူကိုစကားလှည့်ပြောလိုက်သည်....

"ရှောင်းကျန့်...မင်းနဲ့ကိုယ်နဲ့နေဖို့အဲ့ဒီ့အခန်းကိုငှားဖို့ကတန်ပါတယ်...တစ်လမှ၁၀၀၀ယွမ်ထဲလေ....."

ရှောင်းကျန့်အံ့သြမိတာတော့အမှန်...သူနဲ့ဝမ်ရိပေါ်တို့နေဖို့ကိုငှားမှာတဲ့လေ....

"မင်းနေနိုင်မှာပါ.မင်းနေဖူးတဲ့ရပ်ကွက်ဘဲဥစ္စာ.....ငါလည်းနေတတ်အောင်ကြိုးစားရမှာဘဲ...ဘာဘဲဖြစ်ဖြစ်နေဖူးတယ်ရှိတာပေါ့..အဟွန်း!..."

ရယ်သံကလှောင်ရယ်သံဆိုတာရှောင်းကျန့်သိလိုက်ပါသည်....

"ဒီရပ်ကွက်ကမင်းတို့ပုံစံတွေနဲ့တော့သိပ်မလိုက်ဖက်ဘူးကွ...ဟိုဘက်အရှေ့ပိုင်းကပိုပြီးကောင်းတယ်...သီးသန့်အိမ်လေးတွေလေ....တစ်လသုံးလေးထောင်ဘဲရှိတယ်...."

A Flower That Sleeps Like The World   {Complete}Where stories live. Discover now