Part.3

2.8K 261 39
                                    

လူတစ်ယောက်က သူရမဲ့ အာဏာတွေ
အမိန့်ပေးမှုတွေ ရပြီးဆိုရင် ထိုလူက
ထင်ရာစိုင်းတော့တာပဲ ဒါပင်မဲ့
ဂျောင်ကုက အက်လိုလူမျိုးမဟုတ်ဘူး

ထိုအာဏာမရခင်တည်းက သူအာဏာရရင် ဘယ်ကစပြီးရှင်းလင်း
ရမယ်ဆိုတာ အမြဲစောင့်ကြည့်နေခဲ့တာ

"မယ်မယ်ကြီး အပြင်မှာ မယ်မယ်နဲ့
တွေ့ဖို့ မိန်းမပျိုတစ်ဦး
ရောက်နေပါတယ်"

"ဘယ်သူလဲ"

"မယ်မယ်နဲ့တွေ့မှ ပြောနိုင်ပါမယ်တဲ့"

"အေး ဝင်ခိုင်းလိုက်"

ကိုယ်အပူနဲ့ကိုယ်ဒေါသ ထွက်နေပါတယ်ဆို ဘယ်သူကလာတွေ့ချင်ရတာလဲ

"မယ်မယ်ကို အရိုသေပြုပါတယ်"

"အင်း ထိုင်ပါအုန်း ဘာလို့တွေ့ချင်တာ"

"မယ်မယ်နဲ့ လာပူးပေါင်းတာပါ"

"ဟမ်!"

"အရင်မိတ်ဆက်ပေးပါရစေမယ်မယ်
ကျွန်မနာမည် လီဂျီအန်ပါ အမတ်လီရဲ့ သမီးပါ"

"အမတ်လီသမီးလား"

"ဟုတ်ပါတယ် ကျွန်မကို မင်းကြီးရဲ့
ဧကရီဖြစ်အောင်လုပ်ပေးနိုင်ရင်
မယ်မယ်ပဲအရင်ကလို အာဏာနဲ့
စီမံခန့်ခွဲလို့ရစေရမယ် ပြီးတော့ မယ်မယ်ကရှီလာသူမလား"

"ညည်းဘယ်လိုသိတာ ငါရှီလာသူမှန်း"

"အဖေကပြောပြပါတယ် မယ်မယ်က
သေသွားတဲ့ဘုရင်မင်ကြီးနားကို ဒုက္ခသည်ပုံစံနဲ့ကပ်ခဲ့တာမလား"

"တောက်စ်! နင်ကငါနဲ့ပူးပေါင်းဖို့လား
ငါမကောင်းကြောင်းကို အစပြန်ဖော်ဖို့လား"

"သိပ်လဲဒေါသမထွက်ပါနဲ့ မယ်မယ်ကို
ကျွန်မက မယ်မယ်အကြောင်းတွေ
မေ့ကုန်မှာဆိုးလို့ ပြောပြတာပါ"

"ဟက်! ညည်းကငါချုပ်ကွက်ကို သိနေမှာတော့ ပူးပေါင်းရုံပေါ့ တစ်ခုပဲ
ညည်းငါပြောတဲ့အတိုင်း တသွေးမတိမ်
လိုက်လုပ်ရမယ်"

"စိတ်ချပါ မယ်မယ်"

အခန်းတွင်းလေးတစ်ခုမှာတော့ သူတို့နောင်ရေးတွက် လုပ်ရမဲ့ အလုပ်တွေကို ကြိုတိုင်ပင်နေတော့တယ်

KING JEON'S A WILD FLOWER [Completed]Where stories live. Discover now