Part.5

2.5K 257 33
                                    

ဂျောင်ကုတစ်ယောက် ဒီနေ့ညီလာခံ
တက်ဖို့အရေး အပျင်းကြီးနေပြီး ဆောင်ကြာမြိုင်သာ သွားချင်နေတယ်
သူတို့အခြေနေလေးက တိုးတက်တယ်လို့ ခေါ်လို့ရတယ်မလား

သူသိပ်မြတ်နိုးရတဲ့ယောင်းက သူနမ်းရင်ငြိမ်ခံသလို အထိုက်သင့်လဲ တုံ့ပြန်ပေးတတ်သည် ဒီကောင်လေးလဲ
သူပေါ်မှာစိတ်ရှိနေပြီးဆိုတာ သူသိတာပေါ့ ဒါပင်မဲ့သူစိတ်ထဲမှာ
ဟိုကောင်နဲ့ လွန်ဆွဲနေတယ်

လွန်ဆွဲစိတ်မရှိရအောင် ဒီဘုရင်က လုပ်ပေးအုန်းမှာ အစ်ကိုစိတ်ကနေ မုန်းတီးစိတ်ပွားအောင်ထိ တောရိုင်းပန်းလေးရဲ့အရှင် ဟောဒီဘုရင်က လုပ်ဆောင်ပေးအုန်းမှာ

"ယွန်းဂီ ပေးထားတဲ့အချိန်ကျော်တာနဲ့
ပြောထားတဲ့လူကနေ စဖမ်း ညီလာခံကို
ဖျက်ပြစ်"

"ဟုတ်ကဲ့ မင်းကြီး"

"ဂျီမင်းသွားခေါ် ဆောင်ကြာမြိုင်သွားမယ် မင်းတို့အဲ့အရှေ့ကနေ ဟိုကောင်ရဲ့လုပ်ကိုင်ပုံတွေ ကြည့်ထား"

"ဟုတ်ကဲ့"

ယွန်းဂီ ဂျီမင်းခေါ်ပြီးတာနဲ့ 3ယောက်သာ နန်းတွင်းအပြင်ကို ထွက်ကာ ဆောင်ကြာမြိုင်ဘက်ကို
ဦးတည်လာခဲ့တော့တယ်

ထိုင်နေကြအခန်းထဲဝင်သွားတော့
စောင်းတစ်လက်နဲ့ အလုပ်ရှုပ်နေတဲ့ ယောင်း သူကိုမြင်ပုံမပေါ်ဘူး မမြင်ဆို နောက်ကျောပေးထားတာကို စချင်တာနဲ့ နောက်ကနေ
ခါးသိမ်သိမ်လေးကို ပွေ့ဖက်လိုက်တော့

"ဘယ်သူလဲ ဘယ်သူလဲလို့ မေးနေတယ်လေ ဘာလို့လာဖက်နေတာလဲ လွှတ်! လွှတ်လို့!"

"ဟိတ်ကောင်လေး ရုတ်ရုတ်မလုပ်နဲ့နော် ချက်စားပြစ်မှာ"

"ဟင် အစ်ကိုလား အစ်ကိုလားလို့"

"ဘယ်အစ်ကိုလဲ"

"ဧည့်သည်အစ်ကိုလား ဟုတ်တယ်
ဧည့်သည်အစ်ကို ဟုတ်တယ်မလား"

"ကိုယ်အသံကို မှတ်မိတာလား"

ဖက်ထားရင်ပဲ မေးလိုက်တော့သည်

"မဟုတ်ပါဘူး ဒီကိုလာနေကြဧည့်သည်တွေက ထယ်ကိုဘယ်သူမှ မထိဘူးလေ အစ်ကိုပဲ ထယ်ကိုထိတာလေ အသံကလဲ လာနေကြဆိုတော့ မှတ်မိသလောက်ပေါ့"

KING JEON'S A WILD FLOWER [Completed]Where stories live. Discover now