Part.39

1.1K 141 10
                                    

ထယ်ယောင်းကို နန်းတော်က အခေါ်ပါးတယ်ဆိုလို့
အပေါ်ဝတ်ရုံကို လဲပြီးတော့ နန်းတော်ဘက်ကို ထွက်လာလိုက်တယ်  နန်းတော်ထဲကိုရောက်တော့ သူကိုလူတိုင်းက ငေးမောကြည့်နေကြသည်
သူလဲပုံမှန်တိုင်းပဲခပ်တည်တည်ပဲ သူနေရာမှာ ရပ်လိုက်သည်

"အရှင်မင်းကြီးကို အရိုသေပြုပါတယ်...
ကျွန်တော်မျိုးကို အခုလိုညီလာခံထဲ ခေါ်ရတာက ဘာကိစ္စများပါလိမ့်"

"အခုလိုချိန်မှာဧကရီကို ဒီစကားပြောရတာ အားနာပါတယ် ဧကရီတို့ဂျိုဆွန်းပြည်နယ်ကို ရှီလာနဲ့ ဘတ်ကျယ်က အမဲဖြတ်သလိုဖြတ်ပြီး သိမ်းပိုက်တော့မယ်ဆိုတာသိထားတယ်မလား"

"အော်...ဘာများလဲလို့ ဒီကိစ္စတွက်တော့ စိတ်ပူစရာမလိုပါဘူး ကျွန်တော်မျိုးတို့မှာ အစီစဉ်တွေ ရှိပြီးသားပါ"

"ဘုရင်တစ်ပါးမရှိပဲ ဧကရီတစ်ယောက်က ကြံစည်တဲ့
အစီစဉ်ကထမြောက်နိုင်ပါမလား"

"မင်းကြီးက ကျွန်တော်မျိုးကိုလျှော့တွက်ထားသကိုး
မင်းကြီးတို့သတင်းကြားမှာပါ ရှီလာတိုင်းပြည်ရဲ့ မိဖုရာခေါင်းကြီးကို ကျွန်တော်ဘယ်လိုတွေ လုပ်ထားလဲဆိုတာ"

"ဒါကလဲဒါပေါ့ အဲ့ကြောင့်လဲ ရှီလာက ပိုပြီးအမြတ်ဒေါသ
ထွက်လာနိုင်တယ်နော် ဧကရီ"

"မင်းကြီးဘာကိုပြောချင်တာပါလဲ ပြောစရာရှိတာကို
အပွင့်လင်းဆုံးပြောနိုင်ပါတယ်"

"အင်း ပြောရရင်တော့ ဧကရီကိုကျွန်တော်မျိုးတို့
တိုင်းပြည်နဲ့ပူပေါင်းစေချင်ပါတယ် အဲ့ဘက်က စစ်စဖြစ်လာခဲ့ရင် ဒီဘက်ကလဲ လူအင်အား လက်နက်အင်အားအပြည့်နဲ့ အပြည့်ဝကူညီပါမယ်"

ထယ်ယောင်း ခနဲ့တဲ့တဲ့ ရယ်ချတော့ အကုန်လုံးက ဘာလို့ရယ်တယ်ဆိုတာ သိချင်ကြပုံပင်

"မင်းကြီးတို့ တိုင်းပြည်ရဲ့ လူနဲ့လက်နက်အင်အားကလေ
ကျွန်တော်မျိုးတို့ ဂျိုဆွန်းပြည်နယ်နဲ့ယှဉ်ရင် တစ်ဝက်တောင် မရှိပါဘူး ဘာအတွက်များကြောင့်
ဒီလိုနိုင်ငံငယ်နဲ့ ကျွန်တော်မျိုးရဲ့အရှင့်တိုင်းပြည်နဲ့ ပူပေါင်းပေးရမှာလဲ..."

KING JEON'S A WILD FLOWER [Completed]Where stories live. Discover now