Part.40

1.2K 137 10
                                    

"ယောင်းလေးဟိုရှေ့မှာမြင်းနဲ့တပ်တစ်ချို့ကို ခေါ်ပြီး
သွားတော့ ဒီကိုကိုယ်နဲ့ ဂျီအန်ကို ထားခဲ့"

"အရှင်!! ရူးနေလား ဒီကိုယောင်းနဲ့ပဲထားခဲ့ပါ ယောင်းနဲ့ဂျီအန်က ဒီအပိုင်းကိုအပြီးရှင်းလိုက်ပါမယ်"

"အဆင်ပြေပါမလားကွာ ကိုယ်စိတ်မချဘူး"

"အဆင်ပြေပါတယ်လို့ သွားနော် ပြီးကျယောင်းတို့ လိုက်ခဲ့မယ်"

"အဲ့ဆိုကိုယ်တပ်သားတစ်ချို့ထားခဲ့မယ်"

"ဟုတ် အရှင်လဲဂရုစိုက်နော်"

ဂျောင်ကုလဲ ဟိုကိုနေမဝင်ခင်းရောက်ချင်တာကြောင့်
တပ်သားလေးယောက်လောက်ပဲခေါ်ကာ သူတိုင်းပြည်ကို
ပြန်ကူးခဲ့တယ် ဂျောင်ကုသူရောက်တော့ နေဝင်နေပြီးမို့
မှောင်ရိပ်ခိုပြီး နန်းတော်ထဲဝင်ခဲ့တယ် ဟိုရောက်တော့
သားကိုဖမ်းထားပြီး ယွန်းဂီတို့ကိုအကျပ်ကိုင်နေတဲ့ မယ်မယ် သူဝင်သွားမလိုရှိသေး သူလက်ကိုလာဆွဲတဲ့ ဟိုဆော့

"ဟိုဆော့ မင်းကဒီမှာဘာလုပ်နေတာ"

"ဒီအရှေ့ဘက်ကို ရှီလာကနေရာယူထားတယ်
အနောက်ဘက်ကို ဘတ်ကျယ်ကနေရာယူထားတယ်
ဘတ်ကျယ်ကတပ်သားအနည်းငယ်နဲ့ရှီလာက တပ်သားအနည်းငယ်ကို မြင်းဇောင်တန်းမှာ ကြိုးစည်းပြီး တုတ်ထားတယ် အချိန်ကောင်းရင်ဝင်ကြမယ် ငါတို့ကို
အင်ဘင်က မီးတုတ်နဲ့အချက်ပြလိုက်မယ် ငါတို့လူတွေပါ အကုန်နန်းတော်ပါမကျန် အပိုင်းစည်းထားတယ်"

"ဟုတ်ပြီးငါတို့အခြေနေစောင့်ကြည့်ပြီး လှုပ်ရှားတာပေါ့
ငါလဲဒီကိုတပ်သားလေးယောက်ပဲပါတယ် ဟိုမှာယောင်းနဲ့
လီဂျီအန်နဲ့ကျန်ခဲ့လို့"

"အင်းပါ အဆင်ပြေတယ် မင်းကဒီဘက်ကိုအဲ့တပ်သားနဲ့
ဝင်သွားလိုက်လေ ဟိုဘက်ကအဆင်ပြေရင် ဒီဘက်တပ်ကူလာမယ်"

"အင်းအင်း ဟိုဘက်မှာမီးတုတ်အချက်ပြနေပြီး လူစုခွဲပြီး စလှုပ်ရှားကြတာပေါ့"

ဂျောင်ကုလဲသူတပ်သားလေးယောက်ကို အချက်ပြပြီး သားတို့ကိုဖမ်းထားတဲ့ နန်းဆောင်ထဲဝင်ပြီး အပြင်ဘက်က သူတို့လူတွေကိုအရင် အနောက်ကနေ ဇာတ်လိမ်ချိုးသတ်လိုက်တယ်

KING JEON'S A WILD FLOWER [Completed]Where stories live. Discover now