Part.17

1.4K 155 15
                                    

သာယာနေသော ဂျိုဆွန်းပြည်နယ်လေးဟာဆိုရင် အရင်ကထပ် ပိုပြီးသာယာလာတယ်
ဘယ်သူကြောင့်လဲ မမေးပါနဲ့ ဘုရင်ကြီးနဲ့ ဧကရီတို့ရဲ့ လုပ်ဆောင်မှု
ကြောင့်ပေါ့ ဧကရီဟာ အိမ်စုတ်လေးနဲ့
နေခဲ့တုန်းကလဲ ဘယ်သူကိုမှ မစော်ကား
ခဲ့သလို လူတိုင်းပေါ်ကိုလဲ ကောင်းကောင်း ဆက်ဆံပေးခဲ့တယ်

ဧကရီဖြစ်သွားတော့ သူကိုယ်တိုင်းက
အရပ်သားဖြစ်ခဲ့သူမို့ အားလုံးကို
နားလည်နေသူမို့ ပြည်သူတွေပေါ်
အရမ်းသက်ညှာပေးသည် မင်းကြီး
ဆိုတာကလဲ သူဧကရီတစ်ခွန်းပြောရင်း
ပြုံးပြုံးကြီးလုပ်ပေးသူမို့ သူတို့
ပြည်သူပြည်သားတွေ ပျော်ရွှင်သာယာ
နေတာ အမှန်တရားပင်

"အရှင်ကိစ္စက အရေးကြီးတာလား"

"အရေးကြီးတယ် ယောင်းရဲ့ လက်နက်ကိစ္စတွေကို ပြောထားတာမို့
သူတို့လာပို့ရင် မိတ်ဆက်လက်ဆောင်
အပျိုတစ်ဦးပါလာလိမ့်မယ် နန်းတွင်းမှာ
လူမရှုပ်ချင်လို့ ကိုယ်တိုင်ပဲ သွားရှင်းမယ် တစ်ရက်ပဲကြာမှာ"

"အင်းပါ အရေးကြီးနေတယ်ဆိုတော့လဲ
မတားတော့ပါဘူး ဟျောင်းန်လဲပါမှာ
ဆိုတော့ သိပ်တော့စိတ်မချစရာ မရှိပါဘူး"

"ကိုယ်တွက်ကစိတ်ပူစရာမရှိပါဘူး
ယောင်းကိုသာ နန်းတွင်းထဲ တစ်ယောက်ထဲထားခဲ့ရမှာ စိတ်မချနေတာ"

"စိတ်မပူပါနဲ့ ယောင်းဘေးမှာ ဟိုဆော့နဲ့
ဂျီမင်းတို့ရှိတာမို့ပါ ပြီးတော့ တစ်ရက်ထဲကြာမှာလေ အရှင်တွက်သာ
စိတ်ပူ ပြန်လာရင် ဖတ်ရမဲ့
အစီရင်စာတေ အများကြီးဆိုတာ
တွေးထား"

"ဟဟ ဟုတ်ပါပြီး ကိုယ်အစား ညီလာခံ
တက်ပေးနော် ဒီနေ့က အဲ့ဆိုကိုယ်သွား
တော့မယ်"

"ဟုတ်အရှင် လမ်းမှာဂရုစိုက်ပါ"

"ဟုတ်ပါပြီးဗျ ပြွတ်"

အရှင်တို့ထွက်သွားတာနဲ့ သူလဲကိုယ့်ကို
သန့်စင်လိုက်တယ် ပြီးတာနဲ့ အထိန်းတော်တွေ ထုတ်ပေးထားတဲ့
အပေါ်ဝတ်ရုံကိုဝတ်ပြီး ညီလာခံတက်ဖို့
ထွက်လာလိုက်တယ်

KING JEON'S A WILD FLOWER [Completed]Where stories live. Discover now