အပိုင်း ( ၅ ) unicode

65 13 1
                                    

"Lucas အဲ့စာအုပ်ချထားလိုက်ဦး၊ လာ ဒီမှာ အသီးလာစား။"

Lucas ထိုစာအုပ်တွေကိုဖတ်နေသည်မှာ ဘယ်နရက်မြောက်နဲ့ ဘယ်နှစ်ကြိမ်မှန်းတောင် Ivan မမှတ်မိတော့ပေ။ ထိုစာအုပ်များသည် ဒယ်ဒီ အလုပ်လုပ်သည့်နေ့စဥ်မှတ်တမ်း စာအုပ်များဖြစ်၏။ အလုပ်လုပ်သည့်စာအုပ်မို့ ပုံမှန်နေ့စဥ် မှတ်တမ်းစာအုပ်နှင့်မတူ ကွဲပြားသည်။ ဒယ်ဒီနေ့စဥ်လုပ်သမျှကို အကြမ်းရေးမှတ်ထားသည့်ပုံစံမို့ သီးသန့်ဒိုင်ယာရီ စာအုပ် ထက် ရှုပ်ထွေးပြီး အုပ်ရေများစွာလည်းရှိသည်။

"အွန်း. ခင်ဗျား ဒီမှာလား။"

Lucas စာအုပ်ကိုကြည့်မပျက် စာကြည့်စားပွဲမှထသွားလိုက်သည်။ စာကြည့်ခန်းထဲမှ နှစ်ယောက်ထိုင်ဆက်တီခုံနား တွင် စပျစ်သီးပန်းကန်ကိုတွေ့သော‌ကြောင့်မေးလိုက်ခြင်းဖြစ်သည်။

"အင်း..ငါ ..ရှိတယ်။"

ဖြေသံဆုံးသည်နှင့် သူ့ပေါင်ပေါ် ခေါင်းအုံးလာသည့် Lucasကြောင့် Ivan ကျေနပ်စွာပြုံးမိပြန်သည်။ ဒီကောင်လေး သူ့ကိုသာမမြင်ရတာ သူရှိနေသည့်နေရာကို မှန်းဆနိုင်နေပြီဖြစ်သည်။ သူတို့နှစ်ဦး၏ဆက်ဆံရေးသည် တရား၀င်ဖွင့်ဟ ၀န်ခံထားခြင်းမရှိသည့်တိုင်အောင် သာမန်ထက်ပိုသည့် ခံစားချက်များရှိနေသည်။

ထိုအရာကိုနှစ်ဦးလုံးလည်း သိရှိခံစားနားလည်သည့်အနေအထားဖြစ်သည်။ ရင်ဘတ်ခြင်းထပ်တူကျသည့်အခါ စကားနှင့်ဖွင့်ပြောစရာမလိုအောင် နားလည်ခံစားနိုင်ခြင်းဆိုသည်က ထိုကဲ့သို့များလား Ivan တွေးမိ၏။

"အာ..."

Ivan ထိုင်နေမည့်နေရာသို့မှန်း၍ Lucasလှဲချလိုက်ပြီး ပါးစပ်ကို ဟထားလိုက်သည်။ လေတိုးသံကဲ့သို့ တိုးညှင်း သောရီရွှင်သံလေးနှင့်အတူ ပါးစပ်ရောက်လာသည့် စပျစ်သီးတစ်လုံး။ သွားနှင့်ထိတွေ့ပြီး ဖောက်ကနဲအသံနှင့်အတူ ထွက်ကျလာသည့် စပျစ်ရည်၏လတ်ဆတ်မှုနှင့် အသီး၏ချိုမြိန်မှုသည့် စားဖူးသမျှတွင်အကောင်းဆုံးဖြစ်သည်။

ထို့အတူ စပျစ်သီးရနံ့နှင့် ပန်းရနံ့ပေါင်းစပ်ထားသကဲ့သို့ ကိုယ်သင်းရနံ့လေး။ Lucas နှင့်အနီးကပ်ဆုံးရှိနေသည့် Ivan ဆီမှဖြစ်သည်။ ထိုရနံ့လေးနှင့် Lucas ရင်းနှီးကျွမ်း၀င်နေလေပြီ။

Magical LoveWhere stories live. Discover now