အပိုင်း ( ရ ) unicode

64 13 2
                                    

            အိပ်ပျော်တစ်၀က်နိုးတစ်၀က်အခြေအနေမှာ တစ်ဒေါင်ဒေါင်မြည်လာပြန်သည့် နာရီကိုသံကို Lucas မသိစိတ်မှ လိုက်ကာ ရေတွက်နေမိသည်။ ၁၂ချက်တိတိ...။ "Happy Birthday Lucas" ဟု ကိုယ့်ကိုကိုယ်ဆုတောင်းစကား တိတ်တ ဆိတ် ရေရွတ်လိုက်၏။

"ဒေါက် ..ဒေါက် ဒေါက်.."

အသိအာရုံများကျဆင်းလာပြီးအိပ်ပျော်မည့်ဆဲဆဲမှာ တံခါးခေါက်သံသဲ့သဲ့ကို Lucas ကြားလိုက်သည်။ လူက အိပ်ချင်သည့်စိတ်ကြီးစိုးနေပြီဖြစ်၏။အကြားအာရုံမှ ထိုအသံကိုတံခါးခေါက်သံမှန်းလက်ခံလိုက်သော်လည်း အိပ်ချင်စိတ် ကြောင့် ခန္ဓာကိုယ်ကအိပ်ယာ‌ပေါ်မှထရန် ငြင်းဆန်နေသည်။

ထိုအချိန်၌ဦးနှောက်မှလှုံ့ဆော်မှုကြောင့် Lucas ငေါက်ကနဲထထိုင်လိုက်၏။ သူ့အခန်းတံခါးကိုခေါက်သူမှာ Ivan မှလွဲ၍တခြားသူမဖြစ်နိုင်သလို အကြောင်းမဲ့သက်သက်မဖြစ်နိုင်ပေ။ Lucas ခြေလှမ်းကျဲဖြင့် တံခါးရှိရာသို့သွားကာ ဆွဲဖွင့် လိုက်သည်။

"ကိုကို ခင်ဗျားလား..။ "

Lucas ခပ်တိုးတိုးမေးရင်း Ivan အခန်းကိုလှမ်းကြည့်လိုက်သည်။ တံခါးမှာပိတ်ထားဆဲပင်ဖြစ်၏။ တံခါးခေါက် သံမှာ အိမ်မက်မဟုတ်သည်ကို သူသေချာသိနေသည်။ အခန်းပြင်သို့ထွက်ရန် ပြင်လိုက်စဥ် တစ်စုံတစ်ခုကို ခြေထောက်ဖြင့် ထိမိ သွား၏။

သေတ္တာငယ်လေးတစ်လုံး...။ Lucas ကောက်ယူကာဖွင့်ကြည့်လိုက်သည်။ စာရွက်ဖြူလေးအောက်မှ သော့တံ လေးသည် ၀ိုင်များသိုလှောင်ထားရာမြေအောက်ခန်း၏သော့မှန်း Lucas ချက်ချင်းသိလိုက်သည်။ စကားဖြင့်ပြော၍ ရနိုင် သားနှင့် Ivan ခုလိုလာထားသွားသည့်အပေါ် Lucas သိချင်စိတ်ဖြင့် စာခေါက်လေးကို လျင်မြန်စွာဖွင့်ဖတ်လိုက်သည်။

" Marry Christmas & Happy Birthday Lucas..။ စကားတွေအများကြီးပြောချင်သေးပေမယ့် လိုရင်းပဲပြောလိုက် တော့မယ်။ အမှန်က ငါ မင်းကိုသေချာလေးပြောချင်ပေမယ့် ပြောထွက်မယ်မထင်လို့ ..။ သေတ္တာလေးထဲကသော့ကို မင်းသိမယ်ထင်တယ်။ သည်စံအိမ်ကြီးနဲ့ ပိုင်ဆိုင်မှုအားလုံးကို မင်းကိုလွှဲပေးခဲ့တယ်။ မွေးနေ့လက်ဆောင်အဖြစ် လက်ခံပေးဖို့ တောင်းဆိုချင်တယ်။ "

Magical LoveTahanan ng mga kuwento. Tumuklas ngayon