ခန္ဓာကိုယ်အသစ်၊တူညီသောစိတ်ဓာတ်

4.3K 491 2
                                    

ပိုင်မင် သူ့ရဲ့အထင်ကြီးစဖွယ် အိမ်ထဲသို့ ယိုင်တိယိုင်တိုင်လမ်းလျှောက်သွားပြီးနောက် အိပ်ယာကိုရှာတွေ့သွားသည်နှင့် ချက်ချင်းပစ်လှဲလိုက်တော့သည်။

အရာအားလုံးက တစ်နေ့တည်းနဲ့ဖြစ်ပျက်သွားတာ...အိမ်ကနေထွက်ပြေးတယ်,သေတယ်,ဝိညာဉ်ကူးပြောင်းသွားတယ်,သူ အခုသေချင်စိတ်ပေါက်နေပြီ

ထို့နောက် သူအိပ်မောကျသွားခဲ့သည်။အိပ်မောကျသွားသည်နှင့်တစ်ပြိုင်နက် အတိတ်ကမှတ်ဉာဏ်တချို့ သူ့ဦးနှောက်ထဲပေါ်လာ၏။

အဲ့ဒီတုန်းက သူက လောလောလတ်လတ် အိမ်အသစ်ဆီကိုမွေးစားခံလိုက်ရတဲ့ ကလေးလေးတစ်ယောက်။သူမျှော်လင့်ထားသလိုမျိုးဖြစ်မလာခဲ့ပေမဲ့ အကောင်းဆုံးလုပ်နိုင်လိမ့်မယ်လို့ ထင်ခဲ့မိတယ်။ဒါပေမယ့် သူ မလုပ်နိုင်ခဲ့ဘူးတစ်ညပြီးတစ်ကုန်ဆုံးသွားတဲ့နောက်မှာ အိပ်ပျော်သွားမှာကိုတောင်ကြောက်ရွံ့လာမိတယ်။အတူတူနေခဲ့ရတဲ့လူကြီးက အရက်သမားဖြစ်နေတဲ့အပြင် မူးယစ်ဆေးစွဲနေသူတစ်ယောက်။သူက နေ့ပိုင်းတွေမှာဆိုရင်ဆောက်လုပ်ရေးဆိုဒ်တစ်ခုမှာ အလုပ်လုပ်ပေမဲ့ ညဘက်တွေဆိုလည်း မအိပ်ပေ။သူအိမ်ပြန်လာတယ်,အရက်သောက်တယ်,ဒေါသထွက်လာရင် သူ(BM)သန့်ရှင်းရေးလုပ်ထားတာတွေထဲကနေအမှားရှာတယ်,ရှာတွေ့တဲ့အမှားကို ဆင်ခြေအနေနဲ့သုံးပြီး သူ့ကိုရိုက်တယ်...အဲ့တာတွေက အဲ့ဒီလူကြီးရဲ့တစ်နေ့တာလုပ်ငန်းစဉ်တွေပဲ။အရိုက်ခံတိုင်း သူ မကြာခဏ အော်ငိုလေ့ရှိပေမဲ့ ရလဒ်ကတော့ ပိုပြင်းထန်တဲ့ရိုက်ချက်တွေသာ။အဲ့ဒါကြောင့် သူအရိုက်ခံတိုင်း တိတ်တိတ်လေးနေပြီး သူ့ရဲ့လက်ကိုပဲကိုက်ထားခဲ့တယ်။အချိန်တွေကြာလာတာနဲ့အမျှ အမာရွတ်တွေပေါ်လာပြီး ပုလင်းကွဲစတွေနဲ့ပစ်ပေါက်ခံရလို့ ရလာတဲ့အမာရွတ်တွေကလည်း သူ့ခန္ဓာကိုယ်ပေါ်မှာ မကြာခဏဆိုသလို ထွက်လာလေ့ရှိတယ်။

A Lotus Born Of Mud(Myanmar Translation) (Completed) Where stories live. Discover now