နောက်တစ်ပန်းကန်ထပ်ပေးပါဦး

1.9K 311 20
                                    

(အောက်ဖော်ပြပါအကြောင်းအရာသည်လက်ရှိဝိညာဥ်၏မော်ဒန်ကမ္ဘာကမှတ်ဉာဏ်ဖြစ်သည်။ Sensitive ဖြစ်စေနိုင်သောအကြောင်းအရာများပါဝင်ပါသည်။)

ပိုင်မင် သူမွေးနေ့ပွဲကိုမကျင်းပရတာ နှစ်နှင့်​ချီပြီးကြာမြင့်နေပြီ။သူ မိဘမဲ့ဂေဟာမှာရှိတုန်းကဆိုလျှင် အနည်းဆုံးတော့သူ့မွေးနေ့ဖြစ်တယ်ဆိုတာကိုသတိရစေဖို့အတွက် ကတ်လေးတစ်ကတ်နှစ်စဥ်ရခဲ့သေးသည်။သို့သော် ဒီအိမ်ကိုစရောက်လာကတည်းက နှစ်တွေကြာလာသည်နှင့်အမျှ သူ့မွေးလကိုမှတ်မိတယ်ဆိုရုံလေးသာမှတ်မိတော့၏။သူရေတွက်ကြည့်ရသလောက်တော့ အခုဆိုလျှင် သူအသက် ၁၃ နှစ်ရှိနေပြီဖြစ်သည်။အခုအချိန်မှာတော့ သူ့ရဲ့အခြေအနေကိုနားလည်သွားလေပြီ။သံသယဖြစ်နေစရာတောင်မလိုဘဲ သူ့အုပ်ထိန်းသူသည် သူ့ကိုနှိပ်စက်ညှဥ်းပန်းပြီး သူလုပ်နေရသောအလုပ်အရေအတွက်ကိုကြည့်ခြင်းအားဖြင့် ကလေးလုပ်သားလို့တောင် မှတ်ယူလို့ရနေချေပြီ။သို့သော် ယုံကြည်အားကိုးလို့မရရုံသာမက အာဏာပြလေ့ရှိသော အမှိုက်ထက်ဆိုးသည့်လူနှင့်နေ'နေရမှတော့ သူဘာတတ်နိုင်ဦးမည်နည်း...အခုအချိန်တွင် သူ့အုပ်ထိန်းသူသည် သူ့ကို မှောင်မည်းပြီးညစ်ပတ်နေသောလမ်းတစ်လျှောက် ဆွဲခေါ်သွားနေတာဖြစ်ပြီး သူ့သူငယ်ချင်းတွေထဲကတစ်ယောက်၏အိမ်ဆီသို့သွားနေခြင်းဖြစ်သည်။ "နားထောင်စမ်း။ငါ့ကို ငါ့သူငယ်ချင်းတွေရဲ့အရှေ့မှာမျက်နှာပျက်အောင်မလုပ်နဲ့။မဟုတ်ရင် မင်းကို ငရဲထက်ဆိုးတဲ့အပြစ်ဒဏ်မျိုးခံစားရအောင်ငါလုပ်ပြမယ်။" ပြောနေရင်းဖြင့်ပိုင်မင်၏လက်မောင်းအပေါ်ပိုင်းကိိုဆုပ်ကိုင်ထားသည့်အားကို တင်းကြပ်လိုက်တာကြောင့် ပိုင်မင်နာကျင်သွားကာ မျက်နှာရှုံ့မဲ့သွားရသည်။"မင်းပုံမှန်လုပ်နေကျကိစ္စတွေကိုပဲလုပ်နေ။ငါတို့အားလုံးပြီးသွားရင်သန့်ရှင်းရေးလုပ်ပေးရမယ်။ဘာစကားမှမပြောနဲ့။အလုပ်ကိုလည်းအချိန်ဆွဲပြီးလုပ်မနေနဲ့။ပြီးတော့ ဘာစောက်ကြောင်းကြောင့်နဲ့မှမင်းရဲ့ပါးစပ်ကိုမဖွင့်မိစေနဲ့။" ပိုင်မင် သူ့ကိုဆွဲခေါ်သွားသောလမ်းတစ်လျှောက် တိတ်တိတ်ကလေးသာနေနေခဲ့သည်။သူတို့အိမ်ကိုရောက်သွားတော့ ပိုင်မင်အံ့သြသွားခဲ့ရသည်။ဒီအိမ်ရဲ့အခြေအနေက သူ ပတ်ဝန်းကျင်မှာမြင်ခဲ့ရသမျှအိမ်တွေထက် ပိုပြီးကြည့်ကောင်း၏။ပိုင်မင် အိမ်အပြင်ပိုင်းကိုကြည့်ပြီးအံ့သြမင်သက်နေစဥ် အိမ်ထဲရောက်ရှိသွားချိန်မှာတော့ ပါးစပ်ဟောင်းသားဖြစ်သွားရသည်။သူ့အတွက် အင်မတန်ခမ်းနားလွန်းလှသည်။သို့သော် သူ့စိတ်ကူးယဥ်နေမှုလေးက ချေဖျက်ခံလိုက်ရကာ သူ့အုပ်ထိန်းသူသည် သူ့ကို အခန်းတစ်ခုထဲအတွင်းသို့တွန်းလိုက်၏။ချက်ချင်းဆိုသလိုပင် သူကျင့်သားရနေပြီးသားဖြစ်သော ဆေးလိပ်နံ့နှင့်မူးယစ်ဆေးအနံ့တွေက သူ့နှာခေါင်းထဲတွင် ပြည့်နှက်သွားသည်။"ဟယ်လို ငါလူတို့...စကြတော့မလား။ဒါက ငါခေါ်လာတဲ့လက်တိုလက်တောင်းလုပ်ပေးမဲ့သူပဲ။သူ့ကိုပေးသမျှအလုပ်တွေတိုင်းကို သူကစိတ်ထဲမထားဘဲလုပ်ပေးလိမ့်မယ်။သူကောင်းကောင်းမလုပ်ရင်လည်း မင်းတို့သူ့ကိုကြိုက်သလိုရိုက်လို့ရတယ်။ဘာလုပ်နေတာလဲ သွားတော့လေ!" သူ နောက်ဆုံးအော်ပြောလိုက်သည့်စကားက ပိုင်မင်ကိုပြောနေတာပင်။အခန်းထဲကလူတွေကို ပိုင်မင်စိုက်ကြည့်နေသည်အား မြင်လိုက်သောကြောင့်ဖြစ်၏။ထိုလူတွေထဲကအများစုသည် ကောင်းကောင်းမွန်မွန်ဝတ်စားထားပြီးချမ်းသာပုံပေါက်သည်။သူတို့အားလုံးက ဆိုဖာရှည်တွေ၊လက်တင်ပါတဲ့ကုလားထိုင်တွေပေါ်မှာ ထိုင်နေတာဖြစ်ပြီး သူတို့တွေရဲ့လက်ထဲမှာတော့ ဆေးလိပ်တစ်လိပ် ဒါမှမဟုတ် သောက်စရာတစ်ခုခုကိုကိုင်ထားပြီး စုစုပေါင်းလူ၁၀ယောက်လောက်ရှိသည်။ပိုင်မင့်မျက်လုံးတွေက လူတစ်ယောက်အပေါ်တွင်ကျရောက်သွား၏။ထိုလူသည် ရွှေရောင်တလက်လက်တောက်ပနေသော မျက်နှာဖုံးတစ်ခုကိုတပ်ဆင်ထားပြီး သူ့မျက်လုံးတွေကလွဲလျှင် မျက်နှာတစ်ပြင်လုံးကိုဖုံးအုပ်ထားလေသည်။ထိုမျက်ဝန်းတစ်စုံသည် စွဲမက်ဖွယ်ကောင်းသော်လည်း တစ်ချိန်တည်းမှာပင် နောက်တစ်ကြိမ်ပြန်မကြည့်ရဲလောက်အောင် ကြောက်ရွံ့ဖွယ်ကောင်း၏။တွင်းနက်ကြီးတစ်ခုထဲကို စိုက်​ကြည့်နေရသလိုပင်။ပိုင်မင် ချက်ချင်းအကြည့်လွှဲလိုက်ပြီး အခြားအခန်းတစ်ခုသို့ သန့်ရှင်းရေးလုပ်ရန်ပြေးသွားလိုက်သည်။ညက တဖြည်းဖြည်းနက်လာပြီဖြစ်ပြီး ပိုင်မင်လည်း မောသည်ထက်မောလာလေပြီ။သူ ပထမဆုံးအခန်းဆီသို့သွားကြည့်လိုက်ပြီး သူ့အုပ်ထိန်းသူ ပြီးပြီလားဆိုတာကို စစ်ဆေးလိုက်သည်။သူရောက်တော့ သူ့အုပ်ထိန်းသူက မျက်နှာဖုံးဝတ်ထားသည့်လူနှင့်လက်ဆွဲနှုတ်ဆက်နေပြီး ကောက်ကျစ်လှည့်ဖြားတတ်သောမြေခွေးတစ်ကောင်လိုမျိုးပြုံးနေ၏။ "အဆင်ပြေပါတယ်မစ္စတာ။ကျွန်တော်သူ့ကိုမနက်ဖြန်လာခေါ်လိုက်ပါ့မယ်။" ဆိုးဝါးလှည့်တစ်စုံတစ်ခုဖြစ်လာတော့မယ်လို့ ပိုင်မင်ခံစားနေမိသည်။သူ့အုပ်ထိန်းသူသည် နောက်သို့လှည့်လာချိန်တွင် သူတံခါးကနေချောင်းကြည့်နေတာကိုတွေ့သွားသည်။ "ဟေး ဟိုကောင်လေး...မင်းမှာလုပ်စရာတွေရှိသေးလို့ ဒီမှာပဲညအိပ်လိုက်တော့။အပေါ်ထပ်ကိုသွားပြီးစောင့်နေ။ငါ မင်းကိုမနက်ဖြန်လာခေါ်မယ်။" ပြောပြီးသည်နှင့် သူက ပိုင်မင့်ကိုအပေါ်ထပ်သို့တွန်းပို့လိုက်ပြီး သူကတော့ထွက်သွားလေသည်။ပိုင်မင်တစ်ယောက် ဟောခန်းမကြီး၏အပေါ်ထပ်မှာမတ်တတ်ရပ်နေကာ ကြောက်ရွံ့မှုကြောင့်ခိုက်ခိုက်တုန်နေလေသည်။မကြာမီအချိန်မှာတော့ မျက်နှာဖုံးနှင့်လူပေါ်လာသည်။သူသည် ပိုင်မင့်အရှေ့တွင်မတ်တပ်ရပ်ပြီး ပိုင်မင့်ကိုငုံ့ကြည့်နေသည်။ပိုင်မင်လည်း ထိုသူ့ကို ပြန်စိုက်ကြည့်နေခဲ့သည်။ "ကိုယ့်ကိုပြောပါဦး။ကြောက်နေတာလား?" ပိုင်မင်ခေါင်းညိတ်ပြလိုက်သည်။ထိုလူက ကိုယ်ကိုညွတ်ချလိုက်တာကြောင့် သူ့ရဲ့ကြွေထည်မျက်နှာဖုံးက ပိုင်မင့်ပါးနှင့်ထိကပ်သွားသည်။ထို့နောက် ပိုင်မင့်ကို တိုးတိုးလေးပြောလာ၏။ "မကြောက်ပါနဲ့ပန်းငယ်လေးရယ်။ဘာမှကြောက်စရာမရှိပါဘူး..." ထိုလူသည် ပိုင်မင့်လက်ကိုဆွဲပြီး အခန်းတစ်ခုဆီသို့ခေါ်ဆောင်သွားကာ လော့ချလိုက်လေသည်။

A Lotus Born Of Mud(Myanmar Translation) (Completed) Where stories live. Discover now