အလေ့အကျင့်များ

2.5K 353 3
                                    

ပိုင်မင်အိမ်ရှေ့ခန်းကနေထွက်လာပြီး အိမ်ထဲကိုလျှောက်လာခဲ့သည်။ပုတီးစေ့များဖြင့် ပြုလုပ်ထားသည့်လိုက်ကာတွေနှင့်ကာထားသောအခန်းတွေကိုဖြတ်လာပြီးနောက် သူရှာနေသောအရာကို နောက်ဆုံးမှာတော့ရှာတွေ့သွားခဲ့သည်။ ရေချိုးကန်လေး...

သူဝင်ပေါက်မှာမတ်တပ်ရပ်ပြီးအထဲကိုကြည့်လိုက်သည်။မြင်ကွင်းကတော်တော့်ကိုကြည့်ပျော်ရှုပျော်ရှိလှသည်။အတွင်းပိုင်းအပြင်အဆင်က ဂူတစ်လုံးနှင့်တူပြီး မျက်နှာကြက်က သူ့အိမ်တစ်ခုလုံးထက်ပင်မြင့်သေးသည်။အပေါ်မှာတွဲလောင်းကျနေသောအချွန်အထက်တွေရှိသည့်ကျောက်ဆောင်တွေကလည်း တစ်ချက်ကလေးလှုပ်လိုက်သည်နှင့်ပြုတ်ကျလာတော့မလိုပင်။ရေကန်ကကျောက်စိမ်းရောင်ရှိနေတာကြောင့် ရေလှိုင်းလေးတွေကို တလက်လက်တောက်ပနေစေသည်။စိတ်ကူးယဥ်ဝတ္ထုတွေထဲကလိုပင်။ဂူကအေးနေသော်လည်း ရေကနေပေါ်ထွက်လာသောရေနွေးငွေ့တွေက ရေကအေးမနေဘဲ နွေးနွေးလေးဖြစ်နေကြောင်းဖော်ပြနေသည်။

ပိုင်မင်သူမြင်နေရတာတွေကိုကြည့်ပြီး အံအားသင့်စွာသက်ပြင်းချလိုက်မိသည်။

လူချမ်းသာတွေရဲ့ဘဝကတစ်ကယ့်ကိုဇိမ်ခံပစ္စည်းတွေနဲ့ပြည့်နှက်နေတာပဲ...

ထို့နောက်တွင်တော့ မဆိုင်းမတွဘဲ သူ့ကိုယ်ပေါ်ကအဝတ်အစားတွေကိုချွတ်ပစ်လိုက်သည်။ဒီကမ္ဘာကရှေးခေတ်ဝတ်စားပုံတွေကြောင့် အင်္ကျီချွတ်ရတာအချိန်တော်တော်ယူလိုက်ရသော်လည်း နောက်ဆုံးမှာတော့ သူ့ကိုယ်ပေါ်တွင်အောက်ခံဘောင်းဘီလေးသာကျန်တော့သည်။သူ့ဆံပင်ပေါ်တွင်တပ်ဆင်ထားသည့် ကျောက်စိမ်းဆံထိုးကိုဆွဲဖြုတ်လိုက်ချိန်တွင် သူ့ပုခုံးပေါ်ကိုကျလာသောဆံပင်တွေရဲ့အလေးချိန်ကို ခံစားလိုက်ရသည်။ထို့နောက် သူ့ရဲ့ကျောက်စိမ်းရောင်အသားအရေကိုငုံ့ကြည့်လိုက်ချိန်တွင် မျက်မှောင်ကြုတ်မိသွားသည်။သူလက်မောင်းပေါ်ကအမာရွတ်ကိုမြင်လိုက်တုန်းက ဒီခန္ဓာကိုယ်ပိုင်ရှင်သည် အနှိပ်စက်ခံထားရတာဖြစ်မယ်လို့ သံသယဝင်ခဲ့သော်လည်း ဒီလောက်ထိများပြားနေလိမ့်မယ်လို့တစ်ခါမှမတွေးခဲ့ဖူးပေ။

A Lotus Born Of Mud(Myanmar Translation) (Completed) Where stories live. Discover now