စိတ်လှုပ်ရှားဖွယ်ညလေးတစ်ည 🔥

1.7K 199 9
                                    

ပိုင်မင်နှင့်ရှုရင်တို့ ဂိုဏ်းဆီသို့ပျံသန်းသွားရာလမ်းတစ်လျှောက် သူတို့နှစ်ဦးကြားတိတ်ဆိတ်မှုသာကြီးစိုးနေခဲ့သည်။ရှုရင်၏ဝတ်ရုံကိုဆုပ်ကိုင်ထားခဲ့မိတယ်ဆိုတာကိုပြန်စဥ်းစားကြည့်ရုံဖြင့် သူ့မျက်နှာတစ်ခုလုံးရှက်သွေးဖြန်းသွားရသည်။ထို့ကြောင့် သူ့ကိုယ်ထဲကအပူတွေကို လေအေးများဖြင့် ငြိမ်းသတ်နေရ၏။

လမ်းကမြို့တစ်ခုတွင် သူတို့ရပ်တန့်လိုက်ကြပြီး စားသောက်ကုန်တချို့ဝယ်ခဲ့ကြသည်။ပိုင်မင် တွေ့ရာစကားဝိုင်းတွေမှာပုံမှန်ထက်ပိုပြီးပါဝင်ခဲ့မိသည်။ဒီလိုမျိုးအကျိုးမရှိသည့်စကားဝိုင်းတွေမှာပါဝင်နေမိတာက အချိန်တွေမြန်မြန်ကုန်ဆုံးသွားစေရုံမျှသာဆိုသည်အား ပိုင်မင်ကိုယ်တိုင်သာသိပေသည်။မငြင်းပယ်နိုင်သည့်အမှန်တရားကတော့ သူ စိတ်လှုပ်ရှားနေမိသောကြောင့်ဖြစ်၏။

နေဝင်သွားချိန်တွင် သူတို့ဂိုဏ်းဆီသို့ဦးတည်ကာသွားလိုက်သည်။ပိုင်မင် သူ့အခန်းကို တည့်တည့်မတ်မတ်လျှောက်လှမ်းသွားလိုက်ပြီး အခန်းတံခါးအားအရှိန်ပြင်းပြင်းဖြင့်ပိတ်ချလိုက်သည်။

အရှိန်ဖြင့်ပိတ်သွားသည့်တံခါးအား ရှုရင်ရပ်ကာကြည့်နေမိသည်။သူတို့သစ်တောထဲကထွက်လာပြီးချိန်မှစ၍ လုရှစ်စွင်းသည် တစ်ချိန်လုံးထူးဆန်းနေပေ၏။ထိုသူသည် အဓိပ္ပါယ်မရှိသည့်စကားဝိုင်းတွေမှာပါဝင်ခဲ့ပြီး စျေးသည်တွေနှင့်လည်း စျေးဆစ်ခဲ့ပေသည်။သို့သော် ရှုရင်သိသည်၊လုရှစ်စွင်း၏စိတ်အခြေအနေက တည်ငြိမ်ခြင်းမရှိဘဲ တုန်လှုပ်နေ၏။

ရှုရင် လုရှစ်စွင်း၏အခန်းတံခါးဆီသို့လျှောက်သွားလိုက်သော်လည်း သူ့လက်တွေက တံခါးလက်ကိုင်ရှေ့တွင်ရပ်တန့်နေခဲ့သည်။သူ ကူညီပေးချင်သည်၊နှစ်သိမ့်ပေးချင်သည်၊ပြဿနာတွေလျော့ပါးသွားအောင်လုပ်ပေးချင်မိသည်။သို့သော် ထိုအရာတွေကိုလုပ်ပေးဖို့အတွက် အရမ်းစောလွန်းနေသေးတာလည်းဖြစ်နိုင်၏။ရှုရင် နောက််သို့လှည့်ကာထွက်သွားတော့မည်အပြု သူ့ရဲ့ထက်မြက်လှသည့်အကြားအာရုံက အခန်းထဲမှ သဲသဲကွဲကွဲမကြားရသော ရှိုက်ငိုသံကိုသတိပြုမိသွားသည်။

A Lotus Born Of Mud(Myanmar Translation) (Completed) Where stories live. Discover now