Part-1

3.3K 68 0
                                    

Unicode

ထမင်းစားခန်းအတွင်း လူစုံ‌သလောက်ရှိပီဟုပြောလို့ရပေမဲ့ တစ်ခုံသောနေရာကလွတ်နေသည်ကိုတွေ့တော့ ထမင်းစားပွဲဝိုင်း၏ ထိပ်ဆုံးတွင်ထိုင်နေသူ ၊ အသက်အရွယ်က
‌ေခြာက်ဆယ်ကျော်ပြီဆိုပေမဲ့ အိမ်၏ ဩဇာအရှိဆုံးဟုဆိုရမည့်သူ ဦးရိမ်းဂုဏ်

"သျှီမနိုးသေးဘူးလား" ဆိုသည့်အသံထွက်လာတော့ ကျန်သူများက ထိုသူဆီအကြည့်ပို့ရင်း

"မနိုးသေးဘူးထင်တယ် အဖေ ၊ ကျွန်တော်
မိနိုင်ကို နှိုးခိုင်းလိုက်္မယ်"

ဦးမာန်သွေးက အဖေဖြစ်သူကိုဆိုလေတော့

"နေ ... နေ အော်လွှတ်နေလိမ့်မယ် ၊ မြေး "

"ဗျာ ၊ ဖိုးဖိုး "

"သျှီကို သွားနှိုးပေးပါဦး"

တောင်းဆိုတာမဟုတ်သည့်စကားက ၊ ခိုင်းစေရာကိုပြသည်မို့ နှောင်းမငြင်းပါ ၊ သူနှင့် အကျောမတက်ဘူးဆိုပေမဲ့ ဖိုးဖိုးစကားကို အသေးအဖွဲကအစ မလွန်ဆန်ချင်ပါ ၊ ဒါကြောင့် ....။

"ဟုတ်ကဲ့ ၊ သားသွားနှိုးပေးပါ့မယ်"

.

.

.

.

.

.

.

*ဒေါက် .. ဒေါက်*

နှောင်း ၊ အခန်းရှေ့ရောက်နေတာ ဆယ်မိနစ်လောက်ရှိပြီ။ဒါပေမဲ့ ဟိုခတ္တာသျှီဆိုတဲ့ လူ့ဂွစာက အခုထိကို တံခါးလာမဖွင့်ပေးသေး။လူဖြင့် လက်တောင်နာချင်လာပြီ ၊ ဒင်းအိပ်ပဲအိပ်နေတာလား ၊ ဒါမှမဟုတ် အိပ်ချင်ယောင်ဆောင်နေတာလား ။ အဲ့တာကြောင့်မို့ အိမ်ကူကလေးမတွေ သူ့နားဆိုမကပ်ချင်တာ ဘာကြောင့်လဲဆိုတာ နှောင်းအသိပင်။

မျက်နှာနဲ့မှမလိုက် စကားပြောရင်လဲ မည်သူ့မဆို ဘုနဲ့ဘောက် ၊ မာနလည်းကြီးတာ တစ်ဖက်ကိုလွန်ရော ။ ထိုကြားတည်း ဇီဇာကကြောင်သေး သူ့ရဲ့မကောင်းသော ဂုဏ်ရည်သွေးတွေက နှောင်း နောကျေလို့ပင်နေပြီ။
တံခါးကိုမှီရင်း အခန်းထဲကလူကို စိတ်ထဲက‌ ‌ေမတ္တာ‌ေတွပို့နေမိသည်။

"အား ! .. အမေ့"

"ခင်ဗျား ဘာရပ်လုပ်နေတာလဲ ??"

NEVERMIND Where stories live. Discover now