Part-6

925 44 4
                                    

Unicode

မီးဖိုချောင်မှာ အလုပ်ရှုပ်နေသည့် မေမေ့ဆီသွားကာ

"မေမေ ! ဘာတွေချက်နေတာလဲ"

"သမီးလေးလာမယ်မဟုတ်လား ဒါကြောင့် မေမေကိုယ်တိုင်ပြင်ဆင်ပေးနေတာ"

"ဒီနေ့ သွယ်လာမှာပဲ ... သားဖုန်းဆက်လိုက်ဦးမယ်"

"ကောင်းပါပြီရှင်"

နှောင်းဧည့်ခန်းထဲသွားပြီး အိမ်ဖုန်းနဲ့သာ ဆက်ဖို့ပြင်လိုက်တော့သည်။ဖုန်းနံပါတ်ကိုရိုက်နှိပ်ရင်း ခဏအကြာတွင်ဖုန်းကိုင်လာသည်။

"ဟယ်လို"

"ဟယ်လို ... ကျွန်တော်ပါ သွယ်။ အိမ်ကထွက်လာပြီလား"

"သွယ်အခု ကားပေါ်မှာ"

"ဆောရီး သွယ် ... ကျွန်တော် ဖုန်းချလိုက်တော့မယ်"

ကားမောင်းရင်းဖုန်းပြောသည်က အန္တရာယ်များသည်မို့ ဖုန်းချဖို့ပြောလိုက်ခြင်းဖြစ်သည်။သွယ်က ကားကိုသေချာဂရုတစိုက္မောင်းတဲ့သူမို့ မှာစရာတော့မလိုပေ။

"တခွင် ... ဒီကိုလာဦး"

ဆိုဖာပေါ်မှာ သတင်းစာထိုင်ဖတ်နေသည့် ဖေဖေက လှမ်းခေါ်လာသည်။နှောင်း မျက်နှာချင်းဆိုင်သွားထိုင်တော့ တစ်ချက်လှမ်းကြည့်ကာ စားပွဲပေါ်ရှိကော်ဖီကိုယူသောက်သည်။ပြီးမှ ....

"ပြင်ဦးလွင်သွားဖို့ရှိတယ်ဆို"

"Jewel Company နဲ့ အကျိုးတူပူပေါင်းထားတဲ့ စားသောက်ကုန်စီမံကိန်းလေ ဖေဖေ။ ကြော်ငြာရိုက်ဖို့အတွက် သွားရမှာ"

ခင်မမ ဒီကိုပြန်ရောက်နေသည်ဆိုတာဝောာ့ မပြောဖြစ်။ လူကြီးတွေကို သက်သက္မဲ့စိတ်မပူစေချင်လို့ဖြစ်သည်။ သိသွားရင်လည်းလက်ခံမှာမဟုတ်ပေ။  နှောင်းလည်းဟိုတစ်နေ့ကမှ စုံစမ်းကြည့်မိတော့ ထိုအမျိုးသမီးပြန်ရောက်တာ တစ်ပတ်လောက်ရှိပြီဟုသိရသည်။

"Jewel ဆိုမှ ခင်မမ အကြောင်းကြားသေးလား"

"မကြားမိဘူး သူဟိုမှာပဲရှိဦးမှာပါ"

ဖေဖေက သူ့ကိုအကဲခက်သလိုကြည့်လာပြီး

"သျှီကို ဖုန်းဆက်ထားတယ်။ ရိုက်ကွင်းပြီးရင် ဟိုတယ်မှာတည်းမနေနဲ့ စံအိမ်မှာပဲနေလိုက်"

NEVERMIND Where stories live. Discover now