Part-5

858 28 1
                                    

Unicode

"သား ... အိပ်ယာထ‌နောက်ကျလိုက်တာ နေမကောင်းလို့လား။"

"ညက သားညဉ့်နက္မှအိပ်မိလို့မေမေ"

ညက ထုတ်ကုန်၊သွင်းကုန်ပစ္စည်းစာရင်းတွေ စစ်ဆေးနေတာကတစ်ကြောင်း၊ မနေ့ညနေကအဖြစ်အပျက်‌ကိုပြန်‌ေတွးမိတာကတစ်‌ေကြာင်း အိပ်ချိန်ကျော်သွားခြင်းဖြစ်သည်။
အပေါ်ပိုင်းအ၀တ်ဗလာဖြင့် ရေစိုနေတဲ့ ခန္ဓာကိုယ်နှစ်ခုထိကပ်ထားမိချိန်ကို ပြန်တွေးကြည့်ရင် ရှက်လိုက်သည့်ဖြစ်ခြင်းမှာ လူကအငွေ့ပင်ပျံသွားချင်ပါသည်။ သူ့အရှေ့မှာတော့ ဟန်မပျက်နေရသည် မဟုတ်ရင် ထိုအရိုင်းစိုင်းလေးက နှောင်းကိုလှောင်မှာအသေအချာ။ထိုအကြောင်းအရာများကြောင့် ညကညဉ့်နက်သွားခြင်းဖြစ်သည်။ ဒါကြောင့် မနက်ထတော့လည်းခေါင်းကသိပ်မကြည်ချင်။

ဖေဖေနဲ့ ဖိုးဖိုးကိုနှုတ်ဆက်ပြီး ထမင်းဝိုင်းတွင်၀င်ထိုင်လိုက်သည်။ဒီနေ့ကတော့ သူ့အကြိုက်ဆံုးဟင်းဖြစ်သည်။ကင်းမွန်ဟင်းကို ဘယ်လောက်တောင်ကြိုက်လိုက်သလဲ။

"စားကောင်းလား သား"

"အရမ်းကောင်းတယ် မေမေ"

"မေမေ ကိုယ်တိုင်ချက်ပေးထားတာ များများထည့်စား"

နှောင်း ခေါင်းညိတ်ပြလိုက်ရင်း အစားဘက်ကိုသာအာရုံစိုက်ထားလိုက်သည်။
နောက်္မှ ထိုင်ခုံတစ်‌ေနရာလွတ်‌ေနသည်ကိုတွေ့မိတော့ ...

"ဟို ... ခတ္တာကိုမတွေ့မိပါလား။"

"ပြင်ဦးလွင်ကိုသွားတယ် သူ့ရဲ့မဖြစ်စလောက်လုပ်ငန်းလေးကို ရေးကြီးခွင့်ကျယ်လုပ်နေတာ"

"ကိုယ့်သား ဒီလောက်ကြိုးစားနေတာတောင် အဖေတစ်ယောက်ဖြစ်ပြီး ဂုဏ်မယူနိုင်ဘူးလား။"

"ဂုဏ်ယူစရာဘာရှိလဲ အဖေ့မြေး ဒါလေးပိုင်ထားတာတောင် သူ့လုပ်စာထိုင်စားနေသလိုလုပ်နေတာ မာန်ကလည်းတက်နိုင်သေးတယ်။"

နှောင်းအမေးကို ဖေဖေက၀င်ပြော၍ ဖိုးဖိုးကပါ၀င်လာသည်။ဖိုးဖိုးက ခတ္တာကိုသိပ်ချစ်ရှာပါသည်။ဒါကြောင့်အမြဲ အလိုလိုက်ပြီး သူ့ဘက္မှာ မားမားမတ်မတ်ရပ်တည်ပေးသည်။ မေမေကတော့ နှောင်းတို့စကားဝိုင်းထဲမပါဘဲပြောသမျှကို အပြုံးဖြင့်သာ နားထောင်နေသည်။

NEVERMIND Where stories live. Discover now