Part-2

976 45 0
                                    

Unicode

နွေရာသီသည်အလွန်တရာမှပူပြင်းလွန်းလှကြောင်း အဲကွန်းဖွင့်ထားသည့် နှောင်းအခန်းသိပ်မအေးသလိုခံစားနေရသည်က သက်သေပင်။တဖြေးဖြေးတက်လာသော အပူချိန်ကြောင့် အိပ်ယာပေါ်၌ ဘယ်တစ်လှည့်၊ ညာတစ်လှည့် လူးလိမ့်ကာအိပ်နေမိသည်။

"ဘာလို့ ဒီလောက်ပူနေရတာလဲ!"

အိပ်မရသည့်အဆုံးထထိုင်လိုက်တော့ ပြတင်းပေါက်ကတွေ့လိုက်ရသည့် မည်းမှောင်နေသော ကောင်းကင်ကြီး။နေပါဦး မိုးမလင်းသေးတာတော့ မဟုတ်ဘူးမလား။ကုတင်ဘေးက စာကြည့်ခုံပေါ်ကနာရီကိုလှမ်းကြည့်မိတော့ မနက်လေးနာရီ။

"အစောကြီး ... ဟမ် အဲကွန်းက ပျက်နေတာလား?"

remove နဲ့နှိပ်ကြည့်လည်းတိုးမလာသော အအေးဓာတ်ကြောင့်ပျက်သွားမှန်းသိလိုက်ရပါသည်။သက်ပြင်းရှည်သာချရင်း...ရေဆာလာသည်မို့ အောက်ထပ်ကိုဆင်းလာခဲ့သည်။မီးဖိုချောင်ထဲရောက်တော့ တလှုပ်လှုပ်ဖြစ်နေသောအရိပ်တစ်ခုတွေ့လိုက်ရသည်။သူခိုး .. ဘုရားရေ အိမ်ထဲကိုသူခိုး၀င်နေတယ်။သူအော်လိုက်သင့်လား ယောကျာ်းခြင်းဆိုပေမယ့် ဟိုဘက်ကလက်နက်ပါလာရင် ခံရမည်ကသူဖြစ်သည်။အို .. ကြောက်နေလည်းမထူးပါဘူး။ထို့‌ေနာက် လှေကားအောက်က ဖေဖေ့ရဲ့ဂေါက်တံကို ကိုင်ကာမီးဖိုးချောင်ထဲ၀င်လာခဲ့သည်။သူ .. သူခိုးရဲ့ခေါင်းကိုရိုက္မို့လုပ်တော့ ~

"ဟမ် ? ခတ္တာသျှီ "

"နှောင်းတခွင် .. ခင်ဗျား ကျုပ်ကိုလုပ်ကြံမို့လား"

ဘုရားရေ ... မဟုတ်တာ ဒီအချိန်ကြီး ကုတ်ချောင်းကုတ်ချောင်းလုပ်နေတော့ သူခိုးဟုထင်မိတာပေါ့။

"ဖြစ်ရလေ ... ငါကသူခိုးမှတ်လို့"

"ဘာ!"

ဒီကောင် သူ့အသံခပ်ဩဩကြီးနဲ့အော်လိုက်တာ လူကြီးတွေနိုးသွားမှဖြင့်။အလိုက်ကန်းဆိုးကိုမသိဘူး။

"တိုးတိုးပြောစမ်းပါ ခတ္တာ၊ မင်းက မီးဖိုချောင်ထဲဘာ၀င်လုပ်နေတာလဲ"

"အဲ့တာက ...!"
"ကျုပ်ဘာသာ ဘာလုပ်လုပ်ပေါ့။"

"အေး ဒါဆိုခဏဖယ် ငါရေသောက္မို့"

NEVERMIND Donde viven las historias. Descúbrelo ahora