Part-7

1.3K 48 8
                                    

Unicode

နှောင်း ရေချိုးပြီးနောက်Luggageထဲကနေ
pajamas နက်ပြာရောင်ကိုထုတ်ကာ၀တ်၍ အပေါ်ကနေ အဖြူရောင်ဆွယ်တာအပါးထပ်၀တ်လိုက်သည်။

အချိန်ကိုကြည့်မိတော့ ည ၈ နာရီဆိုသည့်အချိန်ကို‌ေကျာ်‌လွန်နေပြီဖြစ်သည်။
စံအိမ်ထဲကို တစ်ပတ်တစ်ခါ အိမ်ရှင်းမှသာ ခြံအလုပ်သမားတချို့ကို ပေး၀င်တာဖြစ်၍ အစားအသောက်ချက်ပေးမည့်သူမရှိပေ။ ကိုယ်တိုင်ကလည်း‌‌ အသင့်စားခေါက်ဆွဲပြုတ်ကလွဲပြီး ကျန်တာမလုပ်တတ်ပေ။
အခုချိန်ထိ ညစာ မစားရသေးသည်မို့ ဗိုက်ကအချက်ပြလို့နေသည်။

ဒါ‌ေကြာင့် အပြင်မှာထွက်၀ယ်စားဖို့ ချမ်းကို ကိုခေါ်သွားရမည်။ နောက်ပြီး ခတ္တာသျှီကိုလည်း ညနေစကား‌ေပြာပြီးတည်းကမတွေ့။

ရန်ကုန်မှာဆိုလည်းဘာထူးလဲ အိမ်ကပ်တယ်ကိုမရှိ!

အပေါ်ထပ်ကနေဆင်းလာရင်း
ပေါ်တီအောက်ရောက်တော့ နှောင်းရဲ့ကားအနောက္မှာ ရပ်ထားသည့် ဆိုင်ကယ်တစ်စီး။ ဘယ်သူ့ဟာပါလိမ့်၊ အလုပ်သမားတွေဆိုရင်တော့ စံအိမ်ရှေ့မှာ အခုလိုလာရပ်မည်မဟုတ်ပေ။

"Kawasaki Zx10R Japan made brand လေ မမြင်ဖူးဘူးလား"

"ဘာရယ်"

အနောက်ကနေ ရုတ်တရက်ကြားလိုက်ရသည့် အသံကြောင့်လန့်သွားပေမဲ့ ဟန်မပျက်နေရင်း မျက္မှောင်ကြုတ်ကာ ကြည့်လိုက်သည်။ ခတ္တာသျှီဆိုတဲ့ကောင်က လူအရှေ့ကနေ ရောက်လာလို့မရဘူးလား။ အမြဲ အနောက်ကနေ သရဲလိုရောက်ရောက်လာတတ်သည်။ နောက်ပြီး ဘယ်သူ့ဆိုင်ကယ်လည်းဆိုတာကြည့်နေသည်ကို လူကိုများ မမြင်ဖူးဘူးလား ဘာလား လုပ်နေသေးသည်။

"မသိဘူးလေ သေချာကြည့်နေတော့ မမြင်ဖူးဘူးလားလို့"

နှောင်း သူနဲ့ပြိုင်ပြီး စကားနိုင်မလုချင်တော့။ သူ့အရှေ့က ထွက်လာပြီး အလုပ်သမားဆောင်ဘက်သွားဖို့ပြင်သည်။ အဲ့မှာဆို ချမ်းကို ရှိလောက္မည်ထင်သည်။

"အ! မင်းဘာလုပ်တာလဲ"

"ဘယ်သွားမို့လဲ"

"မင်းနဲ့မဆိုင်ဘူး လွှတ်စမ်း! ငါ့ကို ..."

Naabot mo na ang dulo ng mga na-publish na parte.

⏰ Huling update: Jan 06 ⏰

Idagdag ang kuwentong ito sa iyong Library para ma-notify tungkol sa mga bagong parte!

NEVERMIND Tahanan ng mga kuwento. Tumuklas ngayon