Unicode
ထမင်းစားခန်းအတွင်း လူစုံသလောက်ရှိပီဟုပြောလို့ရပေမဲ့ တစ်ခုံသောနေရာကလွတ်နေသည်ကိုတွေ့တော့ ထမင်းစားပွဲဝိုင်း၏ ထိပ်ဆုံးတွင်ထိုင်နေသူ ၊ အသက်အရွယ်က
ေခြာက်ဆယ်ကျော်ပြီဆိုပေမဲ့ အိမ်၏ ဩဇာအရှိဆုံးဟုဆိုရမည့်သူ ဦးရိမ်းဂုဏ်"သျှီမနိုးသေးဘူးလား" ဆိုသည့်အသံထွက်လာတော့ ကျန်သူများက ထိုသူဆီအကြည့်ပို့ရင်း
"မနိုးသေးဘူးထင်တယ် အဖေ ၊ ကျွန်တော်
မိနိုင်ကို နှိုးခိုင်းလိုက်္မယ်"ဦးမာန်သွေးက အဖေဖြစ်သူကိုဆိုလေတော့
"နေ ... နေ အော်လွှတ်နေလိမ့်မယ် ၊ မြေး "
"ဗျာ ၊ ဖိုးဖိုး "
"သျှီကို သွားနှိုးပေးပါဦး"
တောင်းဆိုတာမဟုတ်သည့်စကားက ၊ ခိုင်းစေရာကိုပြသည်မို့ နှောင်းမငြင်းပါ ၊ သူနှင့် အကျောမတက်ဘူးဆိုပေမဲ့ ဖိုးဖိုးစကားကို အသေးအဖွဲကအစ မလွန်ဆန်ချင်ပါ ၊ ဒါကြောင့် ....။
"ဟုတ်ကဲ့ ၊ သားသွားနှိုးပေးပါ့မယ်"
.
.
.
.
.
.
.
*ဒေါက် .. ဒေါက်*
နှောင်း ၊ အခန်းရှေ့ရောက်နေတာ ဆယ်မိနစ်လောက်ရှိပြီ။ဒါပေမဲ့ ဟိုခတ္တာသျှီဆိုတဲ့ လူ့ဂွစာက အခုထိကို တံခါးလာမဖွင့်ပေးသေး။လူဖြင့် လက်တောင်နာချင်လာပြီ ၊ ဒင်းအိပ်ပဲအိပ်နေတာလား ၊ ဒါမှမဟုတ် အိပ်ချင်ယောင်ဆောင်နေတာလား ။ အဲ့တာကြောင့်မို့ အိမ်ကူကလေးမတွေ သူ့နားဆိုမကပ်ချင်တာ ဘာကြောင့်လဲဆိုတာ နှောင်းအသိပင်။
မျက်နှာနဲ့မှမလိုက် စကားပြောရင်လဲ မည်သူ့မဆို ဘုနဲ့ဘောက် ၊ မာနလည်းကြီးတာ တစ်ဖက်ကိုလွန်ရော ။ ထိုကြားတည်း ဇီဇာကကြောင်သေး သူ့ရဲ့မကောင်းသော ဂုဏ်ရည်သွေးတွေက နှောင်း နောကျေလို့ပင်နေပြီ။
တံခါးကိုမှီရင်း အခန်းထဲကလူကို စိတ်ထဲက ေမတ္တာေတွပို့နေမိသည်။"အား ! .. အမေ့"
"ခင်ဗျား ဘာရပ်လုပ်နေတာလဲ ??"
YOU ARE READING
NEVERMIND
Romanceပြောရဆိုရတာခက်လိုက်တာ ခတ္တာသျှီရယ် ... ငါတို့က! နှောင်းတခွင် ညီအကိုဆိုတဲ့စကား ထပ်ကြားရရင်ဒီကောင်က ခင်ဗျားမျက်နှာကိုေသွးထွက်အောင်ထိုးပစ်မှာ မှတ်ထားစမ်း နှောင်း! ခတ္တာသျှီ