Part-3

839 33 2
                                    

Unicode

"ကိုတခွင် ကော်ဖီသိပ်ကြိုက်တာပဲလား"

"ဗျာ"

ရုတ်တရက် သူမ၏‌အမေးစကားကြောင့် နှောင်း ယောင်နနဖြင့်ထူးမိသည်။
‌ေနှာင်း‌ေပြာခဲ့သလိုအရင်ဦးဆုံး မိန်းကလေးနှင့် တွေ့ကြည့်ချင်ပါသည်ဆိုတဲ့စကားကြောင့် မိဘတွေကစီစဉ်ပေး၍ နမော်သွယ်ဆိုသည့်မိန်းကလေးနှင့်တွေ့ဖြစ်သည်။

စရောက်တည်းက ကော်ဖီတစ်ခွက္
မှာရင်း ဘာပြောရမှန်းမသိ၍ စားပွဲ‌ေပါ်ရောက်လာသည့်ကော်ဖီကိုသာ သောက်နေမိသည်။
အခုတော့ တစ်ဖက္မိန်းကလေးကို အားနာစရာတွေဖြစ်ကုန်ပြီထင်ပါရဲ့။

"အားတော့နာပါတယ်ဗျာ ကျွန်တော်ဘာပြောရမှန်းမသိလို့ပါ နမော်သွယ်"

"သွယ် လို့ပဲခေါ်ပါ။ ကိုတခွင် သွယ်နဲ့စေ့စပ်မယ့်ကိစ္စကို သဘောတူရဲ့လား"

"သဘောတူလို့ ကျွန်တော်ဒီနေရာကိုလာတာပေါ့ဗျာ"

"ဒါဆိုရင် ဘာကြောင့်များစေ့စပ်ပွဲက နောက်တစ်ပတ်မဟုတ်တော့တာလဲ"

"အဲ့တာ!"

သူမအပြောကြောင့် နှောင်းနေရခက်သွားသည်။တကယ်ဆို သူက ယောင်္ကျားတစ်ယောက်ပဲ စေ့စပ်ပွဲကိုလက်ခံလိုက်လို့အရှုံးမရှိပေမဲ့ သေချာလေ့လာကြည့်ချင်ပါသည်။အခုကြည့်ရသလောက်ကတော့ နမော်သွယ်ဆိုသည့် မိန်းကလေးသည်ပညာတက် လူချမ်းသာအမျိုးသမီးတစ်ယောက်ဖြစ်သည်မို့ နေပုံထိုင်ပုံ၊ ပြောပုံဆိုပုံကအစ အဆင့်အတန်းရှိလွန်းသည်။သူမသည် မိန်းမတစ်ယောက်တွင် ရှိသင့်ရှိထိုက်သော ခန္ဓာကိုယ်အချိုးအစားကိုလည်းပိုင်ဆိုင်ထားသေးသည်။ဒီလို အပစ်ပြောစရာမရှိတဲ့မိန်းကလေးမျိုးကို ဟိုသကောင့်သားက ကြီးကြီးကျယ်ကျယ်ဖြင့်ငြင်းလိုက်သေးသည်။

"သွယ်ကစတာ‌ပါနော်"

"ရပါတယ် သွယ်၊ စေ့စပ်ပွဲကိုနောက်ဆုတ်ခိုင်းရတာကလဲ ကိုယ်လက်ထပ်ရမဲ့အမျိုးသမီးတစ်ယောက်ကို သေချာလေ့လာချင်ယုံပါ။သွယ်လည်း စဉ်းစားချိန်ရတာပေါ့"

နှောင်းပြောသည်ကို သူမကခပ်တိုးတိုးရယ်သည်။ထို့နောက် ...

"ဒီတစ်ခါတော့ သွယ်ကပဲ ကိုတခွင့်ကိုအားနာရမယ်ထင်တယ်။တကယ်တော့ သွယ်သဘောကျတာ ခတ္တာသျှီကိုပါ။‌မာမီတို့ စေ့စပ်ပွဲအကြောင်းပြောတုန်းကဆို သိပ်ပျော်ခဲ့တာ။ဟိုတစ်နေ့ကပဲ ပါးပါးကပြောလာတယ်။ခတ္တာသျှီနဲ့မဟုတ်တော့ပဲ နှောင်းတခွင်နဲ့တဲ့လေ။ပထမကတော့ ဒေါသထွက်သလို၊ ၀မ်းနည်းမိတယ်။အခုတော့ ကိုတခွင်နဲ့လည်းအဆင်ပြေမဲ့ပုံပါပဲ။"

NEVERMIND Where stories live. Discover now