အခန်း - ၃ (Z+U)

845 76 0
                                    

(Unicode)

ဆန်းကြယ်သော ဖူးစာ

အပိုင်း [၃]

        တလီဖုန်းရှီ ကောင်းကင်ပြည်သို့ ပြန်ရောက်သည်ဟု သတင်းကြားသည့်အခါ ကောင်းကင်မင်းကြီး တလီချင်းရှောင်သည် သူ၏ သားတော်အား နန်းဆောင်သို့ခေါ်၍ တွေ့သည်။ ထလီဖုန်းရှီသည် သူ့အား ခမည်းတော်မှ ထူးထူးခြားခြား ခေါ်တွေ့သည့်အတွက် အနည်းငယ် ဘဝင်မကျ ဖြစ်သွားသော်လည်း ဖခမည်းတော်၏ နန်းဆောင်ရှိရာသို့ သွားလိုက်သည်။ နန်းဆောင်၏ အတွင်းသို့ ရောက်သည့်အခါ သူ၏ဆရာ နတ်မင်းယဲ့မင်သည်လည်း ထိုအခန်းထဲ၌ ရှိနေသည်ကို တွေ့လိုက်ရသည်။

" သားတော် မင်းက ရောက်လာပြီလား "

" ဟုတ်ကဲ့...ဖုန်းရှီက ခမည်းတော်နဲ့ ဆရာ့ကို နှုတ်ဆက်ပါတယ် "

         တလီဖုန်းရှီသည် လက်သီးကိုဆုပ်၍ ဦးညွှတ်လိုက်သည်။ ထိုအခါ ကောင်းကင်မင်းကြီး တလီချင်းရှောင်က ခေါင်းညိတ်၍ ပြလိုက်သည်။ နတ်မင်းယဲ့မင်သည် ကောင်းကင်မင်းကြီးအား ကြည့်လိုက်သည်။ ထိုအခါ ကောင်းကင်မင်းကြီး တလီချင်းရှောင်သည် ခေါင်းညိတ်လိုက်ပြီး...

" သားတော်... မင်းက နှစ်တစ်သောင်းကျော်တောင်မှ နတ်မင်းယဲ့မင်ဆီမှာ ပညာတွေသင်ပြီးပြီ ဒါကြောင့် ခမည်းတော်က သားတော်ကို ကောင်းကင်မင်းကြီမဖြစ် ထီးနန်းလွှဲအပ်ဖို့ စီစဥ်ထားတယ်၊ ဒါ​ကြောင့် နတ်မင်းယဲ့မင်ရဲ့ သင်ပြမှုကို သေသေချာချာ လိုက်နာပါ "

" ခမည်းတော် သားတော်က အခုမှ နှစ်တစ်သောင်းပဲ ရှိသေးတာလေ ကောင်းကင်ပြည်ကိုဘယ်လို အုပ်ချုပ်လို့ရမှာလဲ ပြီးတော့...သားတော် သားတော်က ကောင်းကင်မင်းကြီး မလုပ်ချင်ဘူး "

" တိတ်စမ်း... ဖုန်းရှီ မင်းက တလီမျိူးနွယ်နဲ့ကျိုးမျိူးနွယ်ကနေ ဆင်းသက်လာတဲ့ နတ်တစ်ပါးပဲ ပြီးတော့ တလီမျိုးနွယ်ဆိုတာ လွန်ခဲ့တဲ့ နှစ်သန်းပေါင်းများစွာ ကတည်းက ကောင်းကင်မင်းကြီး အဖြစ် မျိူးဆက် အဆက်ဆက် အုပ်ချုပ်လာတာ ဒါကြောင့် မင်းလက်ထပ်မှာလည်း ကောင်းကင်ပြည်ကို အုပ်ချုပ်ရလိမ့်မယ် ဒါကိုမင်းက ငြင်းခွင့်မရှိဘူး..."

ဆန်းကြယ်သော ဖူးစာ (Complete-BL) حيث تعيش القصص. اكتشف الآن