အခန်း - ၄ (Z+U)

716 71 1
                                    

(Unicode)

ဆန်းကြယ်သော ဖူးစာ

အပိုင်း [၄]

       မြေပြင်နတ်ပြည်တွင် မိုးရေစက်နတ်သား ဝမ်ရန်ဟုန်က သူ၏ မိုးရေစက် ရေကန်အတွင်း သံစဥ်များ တီးခတ် ဖော်ကျူးလျက်ရှိသည်။ ထိုစဥ် သူ၏အနီးအနား၌ လှုပ်ရှားမှုတစ်ခု ဖြစ်ပေါ်သွားပြီး တလီဖုန်းရှီက ရောက်ရှိလာသည်။ ဝမ်ရန်ဟုန်သည် တလီဖုန်းရှီအား မြင်သည့်အခါ အံ့သြစွာဖြင့်...

" ဖုန်းရှီ မင်းက မြန်လှချည်လား ငါထင်မိတာက ကောင်းကင်မင်းကြီးက မင်းကို အပြစ်ပေးလိမ့်မယ်ထင်တာ "

" ဒါပေါ့ ခမည်းတော်က ငါ့ကို အပြစ်ပေးတာပေါ့ ဒါပေမဲ့ ငါက ခမည်းတော်ကို ဦးရီးတော် ချန်ရှန်နဲ့ တိုင်လိုက်တယ်လေ အခု ငါက ခိုးထွက်လာတာ "

" ဘာ...ခိုးထွက်လာတာ ဟုတ်လား၊ အခုပြန် ဖုန်းရှီ မင်းက ငါ့ကိုပါ ပြဿနာကြားထဲ ဆွဲထည့်နေတာလား "

       တလီဖုန်းရှီ၏ စကားကြောင့် ဝမ်ရန်ဟုန်က စိုးထိတ်စွာ ပြောလိုက်သည်။ သူက မိုးရေစက်ကလေးများကို ပြန်လည်သိမ်းဆည်းလိုက်ပြီး သံစဥ်တီးခတ်ခြင်းကို ရပ်တန့်လိုက်သည်။ တလီဖုန်းရှီ ရောက်မလာခင်အထိ သူ့ဘဝလေးက ငြိမ်းချမ်း၍ နေပါသည်။ ယခုတော့ တလီဖုန်းရှီ ရောက်လာပြီးနောက်ပိုင်း သူ့ဘဝက စိုးထိတ်စရာများကို ကြုံတွေ့ရချေပြီ။

" ပြန်စရာလား မနေချင်လို့ ခိုးထွက်လာပါတယ်ဆိုမှ ရန်ဟုန် မင်းက ကြောက်တတ်တဲ့ နတ်သားပဲ လာ...သွားရအောင် "

" အမ်... ဘယ်လဲ မလိုက်ပါဘူး ငါ့ရဲ့ နတ်ခန္ဓာကိုယ်က မြေနတ်သားလေ ပြီးတော့ ငါ့နတ်စွမ်းအားကလည်း မင်းလောက် အားမကောင်းဘူး ဒါကြောင့် ငါက မိုးကြိုးပြစ်ဒဏ်ကို ခံနိုင်ရည် မရှိဘူး "

" မင်းကို ဘယ်သူက အပြစ်ပေးမယ်ပြောလို့လဲ လာပါ ဒီနေ့ လူသားကမ္ဘာမှာ လမုန့်ပွဲတော် ကျင်းပနေတယ်လို့ ငါသိရတယ် သွားရအောင် ငါတစ်ခါမှ မကြုံဖူးသေးဘူး "

ဆန်းကြယ်သော ဖူးစာ (Complete-BL) Donde viven las historias. Descúbrelo ahora