အခန်း - ၅ (Z+U)

658 70 0
                                    

(Unicode)

ဆန်းကြယ်သော ဖူးစာ

အပိုင်း [၅]

      ဤရက်များတွင် တလီဖုန်းရှီသည် ကောင်းကင်ပြည်၌သာ သူ၏အချိန်များကို ကုန်ဆုံးခဲ့သည်။ ကောင်ကင်အိမ်ရှေ့စံ နန်းတော်မှလွဲ၍ ​မည်သည့်နေရာကိုမှ မထွက်တော့ဘဲ တစ်ယောက်တည်း နေနေသည်မှာ တစ်ပတ်ခဲ့ပင် ရှိပြီဖြစ်၏။ ထို့အတွက်ကြောင့် ကောင်းကင်မင်းကြီး တလီချင်းရှောင်နှင့် ကောင်းကင်မိဖုရား ကျိုးသုဖန်တို့က စိုးရိမ်နေကြသည်။ သူတို့နှစ်ဦးက အလှည့်ကျဖြင့် ဖုန်းရှီအား သွားရောက်တွေ့ဆုံပါသော်လည်း ဖုန်းရှီက အတွေ့မခံဘဲ ရှိနေသည်။ အဘယ့်ကြောင့် သူတို့၏ သားတော်က တစ်ယောက်တည်း နေနေရသလဲ ဆိုသည်ကို သူတို့က တွေးမတတ်အောင် ရှိနေကြသည်။

" ဖုန်းရှီ တံခါးဖွင့်စမ်း မင်းဆရာလာတယ် "

         တလီဖုန်းရှီသည် သူ၏ အိမ်ရှေ့စံ နန်းဆောင်အတွင်း ရှိနေစဥ် အပြင်ဘက်မှ နတ်မင်း ယဲ့မင်၏ အသံကြောင့် တစ်ချက်တုန်လှုပ်သွားသည်။ ထို့နောက်တွင် သူက ခေါင်းကို ခါရမ်းလိုက်ပြီး...

" ဆရာ ဖုန်းရှီက ဘယ်သူနဲ့မှ တွေ့လိုစိတ်ရှိမနေပါဘူး ဒါကြောင့် အားနာစွာနဲ့ပဲ ဆရာ့ကို မတွေ့လိုကြောင်း ပြောချင်ပါတယ် "

" ဖုန်းရှီ မင်းက ဂါရဝတရား မရှိတဲ့ နတ်ပဲ ငါကဘယ်သူလဲ မင်းရဲ့ဆရာနော် မင်းက ဒီလိုပဲ ပြောသလား "

" အာ... ဆရာ ဖုန်းရှီက ဒီလိုသဘောမျိုး မဟုတ်ပါဘူး ကောင်းပြီ ကောင်းပြီ ဖုန်းရှီ ထွက်လာခဲ့ပါ့မယ် "

        အိမ်ရှေ့စံ နန်းတော်၏ တံခါးက ပွင့်သွားသည်။ ထို့နောက်တွင် ဖုန်းရှီက အခန်းထဲမှ မှုန်ကုတ်ကုတ် အမူအရာနှင့် ထွက်လာပြီး ဆရာ့ကို နှုတ်ဆက်လိုက်သည်။

" ဖုန်းရှီ ဆရာ့ကို နှုတ်ဆက်ပါတယ် "

" ငါနဲ့ လိုက်ခဲ့ မင်းက တစ်ယောက်တည်း နေချင်တာမလား မင်းဆန္ဒကို ဖြည့်ဆည်းပေးမယ်..."

ဆန်းကြယ်သော ဖူးစာ (Complete-BL) Where stories live. Discover now