1 »» (U & Z)

11.2K 562 8
                                    

(ဤဇာတ်လမ်းထဲမှ ဇာတ်ကောင်များ နေထိုင်ရာ နိုင်ငံ၊ ဇာတ်လမ်း အကြောင်းအရာ၊ ဇာတ်ကောင် ကာရိုက်တာများ အားလုံးသည် စာရေးသူ စိတ်ကူးယဉ် ရေးသားဖန်တီးထားသော တည်ရှိမှုများ သက်သက်သာ ဖြစ်ပါသည်။)

             **********

(၁)

အမြင်အာရုံတွေ ဆုံးရှုံးလိုက်ရတဲ့ လူတစ်ယောက်ရဲ့ ကမ္ဘာဟာ မှောင်မိုက်နေတဲ့ တွင်းနက်ကြီးတစ်ခုလိုပဲ။ သူ့မှာ နေ့တွေ ညတွေဆိုတာ မရှိဘူး။ သူ့မြင်ကွင်းအားလုံးက အလင်းရောင်တွေ ကင်းမဲ့‌နေတဲ့ အရပ်အဝန်း။

အထီးကျန်မှု၊ သိမ်ငယ်မှု၊ ဝမ်းနည်းမှု၊ စိတ်ဖိစီးမှုတွေ ပြီးတော့ ကြောက်ရွံ့စိတ်။ ဒါတွေက လောကကြီးရဲ့ ဘယ်အရာကိုမှ မမြင်ရနိုင်တော့တဲ့ လူတစ်ယောက်ရဲ့ ခံစားချက်တွေ။

သူ့နာမည်က မိုးညယံ။ ချစ်ခြင်းဖွဲ့ Novelတွေ ရေးသားတဲ့ နာမည်ကြီး စာရေးဆရာ‌ေတွထဲက တစ်ယောက်။ လွန်ခဲ့တဲ့ နှစ်လလောက်ကအထိ ကမ္ဘာကြီးပေါ်က အရာအားလုံးကို သူမြင်တွေ့ ခံစားနိုင်ခဲ့သေးတယ်။ သူကိုယ်တိုင် keyboard‌ေပါ်မှာ စာလံုးတွေရိုက်ပြီး ရေးနိုင်ခဲ့သေးတယ်။ သူ့မျက်ဝန်းတွေနဲ့ စာအုပ်တွေ ဖတ်နိုင်ခဲ့သေးတယ်။ ဆိုးဝါးလှတဲ့ ကားအက်စီးဒင့်တစ်ခုကြောင့် အခုတော့ အရာအားလုံးကို လက်လွှတ်လိုက်ရပြီ‌ေလ။

သူလက်လွှတ်လိုက်ရတဲ့ အရာတွေထဲမှာ အချစ်တစ်ခုလည်း ပါသွားခဲ့တယ်။ ဘယ်တော့မှ ပြန်မရနိုင်တော့တဲ့၊ ဘယ်တော့မှ ပြန်မတွေ့နိုင်တော့တဲ့ သူ့အချစ်။

မျက်စိကွယ်သွားခဲ့တဲ့ စာရေးဆရာတစ်ယောက်။ ချစ်သူကို ဆုံးရှုံးလိုက်ရတဲ့ ယောင်္ကျားတစ်ယောက်။ ပျက်ဆီးခြင်း ကြမ္မာဆိုးက မိုးညယံဆိုသော ယောင်္ကျားတစ်ယောက်ဆီကိုမှ ဆိုက်ဆိုက်မြိုက်မြိုက်။

နတ်ဘုရား‌ေတွက နာကျင်မှုတွေကို ထမ်းပိုးထားတဲ့ သူ့ရဲ့ မျက်မမြင်ဘဝကို စတင်စေလိုက်တယ်။ ဒါက အပြစ်ဒဏ် တစ်ခုလေလား။
ဒါမှမဟုတ် တစ်စုံတစ်ယောက်နဲ့ ဆုံစည်းကြစေဖို့ ရည်ရွယ်ခြင်းလား။

/
/
/

(ဤဇာတ္လမ္းထဲမွ ဇာတ္ေကာင္မ်ား ေနထိုင္ရာ ႏိုင္ငံ၊ ဇာတ္လမ္း အေၾကာင္းအရာ၊ ဇာတ္ေကာင္ ကာရိုက္တာမ်ား အားလံုးသည္ စာေရးသူ စိတ္ကူးယဉ္ ေရးသားဖန္တီးထားေသာ တည္ရိွမႈမ်ား သက္သက္သာ ျဖစ္ပါသည္။)

             **********

(၁)

အျမင္အာရံုေတြ ဆံုးရႈံးလိုက္ရတဲ့ လူတစ္ေယာက္ရဲ့ ကမ႓ာဟာ ေမွာင္မိုက္ေနတဲ့ တြင္းနက္ႀကီးတစ္ခုလိုပဲ။ သူ႔မွာ ေန့ေတြ ညေတြဆိုတာ မရိွဘူး။ သူ႔ျမင္ကြင္းအားလံုးက အလင္းေရာင္ေတြ ကင္းမဲ့‌ေနတဲ့ အရပ္အဝန္း။

အထီးက်န္မႈ၊ သိမ္ငယ္မႈ၊ ဝမ္းနည္းမႈ၊ စိတ္ဖိစီးမႈေတြ ၿပီးေတာ့ ေၾကာက္ရြံ႔စိတ္။ ဒါေတြက ေလာကႀကီးရဲ့ ဘယ္အရာကိုမွ မျမင္ရႏိုင္ေတာ့တဲ့ လူတစ္ေယာက္ရဲ့ ခံစားခ်က္ေတြ။

သူ႔နာမည္က မိုးညယံ။ ခ်စ္ျခင္းဖဲြ႔ Novelေတြ ေရးသားတဲ့ နာမည္ႀကီး စာေရးဆရာ‌ေတြထဲက တစ္ေယာက္။ လြန္ခဲ့တဲ့ ႏွစ္လေလာက္ကအထိ ကမ႓ာႀကီးေပၚက အရာအားလံုးကို သူျမင္ေတြ့ ခံစားႏိုင္ခဲ့ေသးတယ္။ သူကိုယ္တိုင္ keyboard‌ေပၚမွာ စာလံုးေတြရိုက္ၿပီး ေရးႏိုင္ခဲ့ေသးတယ္။ သူ႔မ်က္ဝန္းေတြနဲ႔ စာအုပ္ေတြ ဖတ္ႏိုင္ခဲ့ေသးတယ္။ ဆိုးဝါးလွတဲ့ ကားအက္စီးဒင့္တစ္ခုေၾကာင့္ အခုေတာ့ အရာအားလံုးကို လက္လႊတ္လိုက္ရၿပီ‌ေလ။

သူလက္လႊတ္လိုက္ရတဲ့ အရာေတြထဲမွာ အခ်စ္တစ္ခုလည္း ပါသြားခဲ့တယ္။ ဘယ္ေတာ့မွ ျပန္မရႏိုင္ေတာ့တဲ့၊ ဘယ္ေတာ့မွ ျပန္မေတြ့ႏိုင္ေတာ့တဲ့ သူ႔အခ်စ္။

မ်က္စိကြယ္သြားခဲ့တဲ့ စာေရးဆရာတစ္ေယာက္။ ခ်စ္သူကို ဆံုးရႈံးလိုက္ရတဲ့ ေယာက်ၤားတစ္ေယာက္။ ပ်က္ဆီးျခင္း ၾကမၼာဆိုးက မိုးညယံဆိုေသာ ေယာက်ၤားတစ္ေယာက္ဆီကိုမွ ဆိုက္ဆိုက္ၿမိဳက္ၿမိဳက္။

နတ္ဘုရား‌ေတြက နာက်င္မႈေတြကို ထမ္းပိုးထားတဲ့ သူ႔ရဲ့ မ်က္မျမင္ဘဝကို စတင္ေစလိုက္တယ္။ ဒါက အျပစ္ဒဏ္ တစ္ခုေလလား။
ဒါမွမဟုတ္ တစ္စံုတစ္ေယာက္နဲ႔ ဆံုစည္းၾကေစဖို႔ ရည္ရြယ္ျခင္းလား။

            **********

နူးညံ့စွာငြိတွယ်(Short Story)Where stories live. Discover now