6 »» (U & Z)

2.9K 401 14
                                    

(၆)

မိုးညယံ ဆန္ဒတွေကို ရိုက်ချိုး ဖျက်ဆီးပစ်လိုက်သူက ထင်ရှင်းဟန်ပဲ။ မျက်ကြည်လွှာ အစားထိုး ခွဲစိတ်နေသော အချိန်မှစ၍ မျက်လုံးတွေ အလင်းပြန်ရလာသည်အထိ ခွင့်ရက်ရှည် ယူသွားသူက ထင်ရှင်းဟန်ပါပဲ။ သူ့ကိုပင် အသိမပေးသွားဘဲ သူ့မိဘတွေကိုသာ ခွင့်တောင်းသွားတာ ဖြစ်သည်။ 

မျက်လုံးတွေ ပြန်မြင်လာရတဲ့အခါ တွေ့ချင်မိတဲ့ သူတွေကို အရင်ဆုံးကြည့်မည်။ ရှင်းနဲ့အတူ အရင်က မသွားဖြစ်ခဲ့သည့် လူများသော နေရာတွေကို လျှောက်လည်မည်။ သုံးနှစ်လုံး သူ့ကို ချက်ပြုတ်ကျွေးမွေးခဲ့သည့် ရှင်းအတွက် ထမင်းဟင်း ပူပူနွေးနွေးလည်း ချက်ကျွေးချင်မိသည်။

ထင်ရှင်းဟန်က သူ့ရည်ရွယ်ချက်တွေကို ရိုက်ချိုးကာ တစ်လလောက်အထိ အိမ်ပြန်မလာခဲ့တော့ပေ။ ဖုန်းအဆက်အသွယ်လည်း လုံးဝလုပ်၍ မရ။ တစ်ရက်ပြီး တစ်ရက် ထင်ရှင်းဟန် ပြန်အလာကို အိမ်လေးကနေ တစ်ယောက်ထဲ သူစောင့်မျှော်နေမိသည်။ နှစ်ယောက်အတူ ရေးခဲ့သော Novelကိုပင် တစ်ယောက်တည်း ရေးတဲ့အခါ ရှင်းကိုသာ သတိရနေမိသည်။ ရှင်းဆီကိုပဲ စိတ်ရောက်နေခဲ့သည်မို့ စာ‌ေတွလည်း မရေးဖြစ်နိုင်ခဲ့။

နောက်ဆုံးမှာ သူ့မိဘတွေဆီကနေ ထင်ရှင်းဟန်ရဲ့ အိမ်လိပ်စာကို တောင်းမိခဲ့သည်။ သူ့ကို ပြန်ပေးလိုက်သည်က အိမ်လိပ်စာ မဟုတ်သော USB Stick တစ်ခုပင်။

"ဒါ ထင်ရှင်းဟန် သားအတွက် ထားခဲ့တာ။ သူ့ကို သားလိုက်ရှာဖို့ ကြိုးစားခဲ့ရင် ဒီ stickကို ပေးဖို့ ဒက်ဒီတို့ကို မှာသွားတယ်။ ဒီထဲမှာ ပါတာကို မင်းကြည့်လိုက်မိရင် သိမှာပါ။ အရာအားလုံး နားလည်သွားလိမ့်မယ်။ ထင်ရှင်းဟန်က မင်းကို ပြုစုစောင့်ရှောက်ဖို့ ဒက်ဒီတို့ ရှာပေးထားတဲ့ ဝန်ထမ်းသက်သက်ပဲ မဟုတ်ဘူး မိုးညယံ။ သူက မင်းကို စောင့်ရှောက်ပေးချင်လို့ကို တမင် အလုပ်လာတောင်းခဲ့တဲ့ သူ ..."

သူ့ပုခုံးကို ခပ်ဖွဖွ ပုတ်ရင်း ဒက်ဒီက ပြောနေခဲ့သည်။ သူ့မိဘတွေကို သူနားမလည်နိုင်တော့ပါ။ ထင်ရှင်းဟန်နဲ့ သူ့မိဘတွေရဲ့ ဆက်နွှယ်မှုက ဘာတွေ ဘယ်လို ရှုပ်ထွေးနေသည်လဲ။ ရှင်းကရော ဘာအတွက် လူကိုယ်တိုင် မဟုတ်ဘဲ ကိုယ်စားအရာတစ်ခုကို ထားခဲ့သည်လဲ။
မေးခွန်းတွေနဲ့ သူ့ကို ရှုပ်ထွေးလာစေသည်။

နူးညံ့စွာငြိတွယ်(Short Story)Where stories live. Discover now