3 »» (U & Z)

3.2K 413 12
                                    

(၃)

ညအချိန်က (၁၀)နာရီ‌ခန့် ရှိပြီ ဖြစ်သည်။ (၉)နာရီလောက်မှစပြီး အငြိုးကြီးကြီး ရွာသွန်းနေသော မိုးက တစ်ညလုံး ဆက်ရွာရန် ရာခိုင်နှုန်း အတော်များ၏။ ထင်ရှင်းဟန်က သူ့အိပ်ခန်းထဲမှာ စာအုပ်တစ်အုပ်ကို အေးအေးဆေးဆေး ထိုင်ဖတ်နေသောအချိန်။ သူဖတ်နေသော စာအုပ်ကလည်း မိုးညယံရေးသားထားသည့် စာအုပ်။

စာအုပ်အမည်က "ငါတို့ ချစ်မိသွားတဲ့အခါ"။ ယောင်္ကျားတစ်ယောက်နှင့် မိန်းမတစ်ယောက်တို့၏ ကြည်နူးဖွယ်ရာ အချစ်ဇာတ်လမ်းလေးတစ်ပုဒ္။ စာအုပ်ကို တစ်ဝက်လောက် ဖတ်ပြီးသွားတဲ့အခါမှာ မိုးညယံကို အချစ်အကြောင်း ကောင်းကောင်းသိသည့် လူတစ်ယောက်အဖြစ် သူသတ်မှတ်လိုက်မိတော့သည်။

"ယုံကြည်မှု နားလည်မှုတွေ မရှိတဲ့ အချစ်တွေက ကြာရှည် မတည်မြဲနိုင်ဘူး။ ချစ်သူထားတယ်ဆိုတာ ငါတို့ကိုယ် ငါတို့ ချစ်နေရတာမျိုး မဟုတ်ဘူး။ တခြားတစ်ယောက်ကို နားလည်ပေးပြီး ယုံကြည်ပေးနိုင်မှ အဲဒီလူကို ငါတို့တစ်သက်တာလုံး မြတ်နိုးသွားနိုင်တာ။ သူစိမ်းတစ်ယောက်ကို ထာဝရ ချစ်နေနိုင်ဖို့ဆိုတာ ထင်သလောက် မရိုးရှင်းဘူး။"

စာအုပ်ထဲမှ တချို့သော စာသားတွေက ထင်ရှင်းဟန်ရဲ့ ရင်ထဲကို ရောက်လာခဲ့သည်။ လူတစ်ယောက်ကို ချစ်မိသွားတဲ့အခါ လူတွေဟာ ဒီလိုပဲလားဟု သူတွေးနေမိ၏။ အခုချိန်ထိတော့ သူမချစ်ဖူးသေးပါ။ အကယ်၍ ချစ်မိခဲ့လျှင်လည်း မိုးညယံရဲ့ စာအုပ်ထဲကလို ချစ်ချင်မိပါရဲ့။

ဆက်၍ အားကောင်းလာသော မိုးကြောင့် ဖတ်နေဆဲစာအုပ်ကို သူခဏတာ ပိတ်လိုက်မိတော့သည်။ မိုးညယံကို သူစိတ်မချပါ။ ညနေက သူ့ကို သတ်ပေးရန် ပြောထားသော စကားများကြောင့် ပိုပြီး စိတ်ထဲ မတင်မကျ ဖြစ်နေမိ၏။ မိုးညယံကို သူသွားကြည့်ရန် ဆုံးဖြတ်လိုက်သည်။

မျက်နှာချင်းဆိုင်အခန်းကို တံခါးခေါက်ပြီး သူဖွင့်ဝင်လိုက်မိသည်။ ခုတင်ထက်မှာ မိုးညယံမရှိပါ။ အခန်းထဲမှာလည်း မရှိ။ ရုတ်တရက် ပူသွား‌မိသည်က ရင်ဘတ်အတွင်းမှာ။ တစ်အိမ်လုံးကို သူလိုက်ပတ်ရှာမိသည်။

နူးညံ့စွာငြိတွယ်(Short Story)Where stories live. Discover now