5 »» (U & Z)

2.7K 377 2
                                    

(၅)

"လူတွေက ငါ့ကို မကောင်းဆိုးဝါးလို့ သတ်မှတ်ကြတယ်။ တကယ်တော့ ငါက လူတွေအကြောင်းကို လေ့လာချင်ရုံ‌ေလးပါပဲ။ စကားပြော ကွင်းပိတ်။"

ဧည့်ခန်းထဲက ဆိုဖာမှာထိုင်ပြီး မိုးညယံတစ်ယောက် နှုတ်ကနေ စကားလုံးတွေကို ရွတ်နေလေသည်။ ကြမ်းပြင်ပေါ်မှာ ဆင်းထိုင်နေတဲ့ ထင်ရှင်းဟန်ကတော့ စားပွဲပေါ်က Laptop တစ်လုံးနှင့် သူရွတ်သမျှကို  keyboard လိုက်ရိုက်နေတော့၏။

"သူက ပြုံးလိုက်တယ်။ သူ့အပြုံးက နတ်ဆိုးဆန်နေလေရဲ့။ ဒီလိုနတ်ဆိုးတစ်ကောင်က အချစ်ဆိုတာကိုရော သိပါ့မလား။ ခံစားလို့ရော ရနိုင်ပါ့မလား။ ခင်ဗျားတို့ရော ဘယ်လိုထင်မိလဲ ..."

"တီ တီ တီ ..."

ရုတ်တရက် ဖုန်းမြည်သံက ပေါ်ထွက်လာသည်။ မြည်လာသော ဖုန်းက မိုးညယံ၏ဖုန်း။ ခေါ်ဆိုလာသူက သူ့မာမီ ဒေါ်စိုးဝတီ။ ရှင်းက ဖုန်းကို ယူကြည့်လိုက်ပြီး ...

"မင်းအမေ ခေါ်တာ မိုးည ..."

"အင်း ပေး ..."

ဖုန်းကို လှမ်းယူလိုက်ပြီး သူတို့ စာရေးတာကို ခဏ ရပ်လိုက်ကြသည်။

"ဟဲလို မာမီပြော ...အရေးကြီးကိစ္စ ရှိလို့လား မာမီ၊ မဟုတ်ရင် နောက်မှ ပြန်ခေါ်လိုက်ပါလား။ ကျွန်တော် စာရေး‌နေတဲ့အချိန် ဖြစ်နေလို့ပါ။"

"အရေးကြီးတယ် သား ...ဝမ်းသာစရာ သတင်းပဲ။ မင်းရဲ့မျက်လုံးတွေ ပြန်မြင်ရတော့မယ် မိုးညယံ ..."

"ဗျာ ...ဘာကို ..."

ဖုန်းအသံ ဖွင့်ထားတာ ဖြစ်၍ ဒေါ်စိုးဝတီပြောသမျှကို ရှင်းကလည်း ကြားနေရ၏။

"မျက်ကြည်လွှာ အစားထိုး ခွဲစိတ်ဖို့လေ ...အခု အလှူရှင် ရလာပြီတဲ့။ မကြာခင် သားကို ခွဲစိတ်ဖို့ လုပ်ကြတော့မှာ ...ဆေးရုံက အခုပဲ ဆက်သွယ်လာတယ်။"

မာမီ့အသံ‌တွေမှာ ပျော်ရွှင်မှုတွေ ပြည့်နေခဲ့သည်။ နားထောင်နေကြသည့် သူတို့နှစ်ယောက်လုံးလည်း အတော်လေး အံ့ဩနေမိကြသည်။ ကိုယ်အင်္ဂါ အစားထိုး ခွဲစိတ်ခြင်းတို့မည်သည် အလှူရှင်တွေ ပေါ်လာခဲ့လျှင်တောင်မှ လူနာတွေ များပြားလှတာမို့ ကိုယ့်အလှည့်ကျရန် နှစ်ချီစောင့်ဆိုင်းကြရတာဖြစ်သည်။ သူ့အတွက် မျက်ကြည်လွှာ အလှူရှင်ရလာရန် ၂နှစ်‌ေကျာ်လောက် စောင့်ဆိုင်းခဲ့ရ၏။

နူးညံ့စွာငြိတွယ်(Short Story)Where stories live. Discover now