7 »Ending (U&Z)

5.2K 538 24
                                    

(၇)

စည်ကားပြီး နာမည်ကြီးလှသော Shopping centre ကြီးတစ်ခုရဲ့ တတိယအလွှာ။ ကျယ်ဝန်းလှပသော Book Cafe ကြီးတစ်ခု။ ဆိုင်အတွင်း အပြင် အားလုံးမှာ လူတွေ ပြည့်နေခဲ့သည်။ အများစုမှာ လူငယ်တွေဖြစ်ပြီး မိန်းကလေးတွေက ပို၍များ၏။ အားလုံးသော လူတွေက သူ့အစုနဲ့သူ စကားတွေ ပြောနေကြသည်။ တချို့က ထိုင်လျက်၊ တချို့ကျတော့ မတ်တပ် ရပ်လျက်နှင့်။

လူတစ်ယောက်ကတော့ ထောင့်ကျကျ စားပွဲတစ်လုံးမှာ တစ်ယောက်တည်း ရှိနေလေသည်။ သူ့ရဲ့ ခန့်ညားချောမောသော ရုပ်ရည်က လူတိုင်းကို အာရုံစိုက်မိ‌နေစေသည်။ သူကတော့ မည်သူ တစ်ဦးတစ်ယောက်ကိုမှ မကြည့်နေဘဲ စာအုပ်တစ်အုပ်ကိုသာ အေးအေးလူလူ ထိုင်ဖတ်နေခဲ့၏။ သူကတော့ ထင်ရှင်းဟန်ပါပဲ။

"မင်းပျော်ရွှင်တဲ့အခါ အတူလိုက်ပြီး ရယ်မောချင်ပြီး၊ မင်းနာကျင်ဝမ်းနည်းရတဲ့အခါ အတူလိုက်ပြီး မျက်ရည်ကျမိချင်တယ်။
ငါ့အပြုံးကို ကြည့်ပါ။ ငါ့ပုခုံးကို မှီပါ။
မင်းနဲ့အတူ မျှဝေခံစားပေးချင်‌ေနတဲ့ လူဟာ ငါပါ။"

စာအုပ်ပါ စာသားတွေကို ဖတ်မိရင်း သူပြုံးနေသည်။ တစ်ရွတ်ပြီး တစ်ရွတ်လှန်ဖတ်ရင်း တစ်ချက်ပြီး တစ်ချက် ပြုံးယောင်သမ်းနေခဲ့သည်။ နောက်ဆုံး စာမျက်နှာ၏ နောက်ဆုံးစာကြောင်းမှာ မိန်းဇာတ်ကောင် တစ်ယောက် ပြောထားသော စကားဖြစ်သည်။

"လူတစ်ယောက်ကို ချစ်မိခဲ့တဲ့အတွက် တောင်းပန်စရာ မလိုပါဘူး။ ချစ်ခြင်းမေတ္တာမှာ အပြစ်မရှိဘူးလေ ...မင်းသာ ရောက်ရာအရပ်ကနေ ပြန်လာခဲ့‌ပါ။ ငါမင်းကို စောင့်မျှော်နေပါ့မယ်။"

စာမျက်နှာ နောက်ဆုံးကို အချိန်အတန်ကြာ ငေးကြည့်နေမိသည်။ စာအုပ်ကို ပိတ်လိုက်ပြီး အရှေ့မျက်နှာဖုံးကို သူကြည့်လိုက်မိ၏။ အပြာနုရောင် လွင်ပြင်တစ်ခုမှာ ကျောပေးကာ လက်ချင်းတွဲ၍ လမ်းလျှောက်နေသော ယောက်ျားလေးနှစ်ယောက်ပုံ။ စာအုပ်အမည်မှာ "နူးညံ့စွာ ငြိတွယ်" ဟူ၍။ ရေးသူ စာရေးဆရာအမည်ကတော့ "မိုးညယံ" ပဲဖြစ်သည်။

ဒီစာအုပ်ကို သူဖတ်ခဲ့တာ ဘယ်နှခေါက်ပင် ရှိနေပြီလဲ မသိနိုင်တော့ပါ။ စာရေးဆရာ မိုးညယံရဲ့ ပထမဆုံးသော BL novel ဖြစ်သည်။ ယောက်ျားလေးနှစ်ယောက်ကြားက နူးနူးညံ့ညံ့ ချစ်ခြင်းမေတ္တာတွေအကြောင်းကို ရေးသားထားလေသည်။ မျက်မမြင်ကောင်လေး တစ်ယောက်နှင့် သူ့ကို ပြုစုစောင့်ရှောက်ပေးရသော ကောင်လေးတစ်ယောက်တို့ရဲ့ နူးညံ့စွာ ငြိတွယ်မိသွားတဲ့ ချစ်ခြင်းတရားအကြောင်း။

နူးညံ့စွာငြိတွယ်(Short Story)Where stories live. Discover now