2 »» (U & Z)

4.8K 472 3
                                    

(၂)

"သူ့နာမည်က ထင်ရှင်းဟန်တဲ့။ အသက်က သားနဲ့ အတူတူလောက်ပဲ။ သားကို ပြုစုစောင့်ရှောက်ဖို့ မာမီတို့ ခေါ်ထား‌ပေးတဲ့သူ။"

တစ်လကျော်လောက် ဆေးရုံမှာ နေခဲ့ရပြီး အိမ်ပြန်ရောက်လာတဲ့အခါ သူစိမ်းတစ်ယောက်က သူ့ကို ဆီးကြိုနေခဲ့သည်။ သူတစ်ခါမှ မမြင်ခဲ့ဖူးသော၊ သူ မမြင်ရနိုင်သော ယောက်ျားတစ်ယောက်။

"ကျွန်တော့်အတွက် ကူဖော်လောင်ဖက် မလိုဘူး ‌မာမီ၊ သူ့ကို ပြန်ခေါ်သွားလိုက်ပါ။ ကျွန်တော် တစ်ယောက်တည်းပဲ နေချင်တယ်။"

မိုးညယံကတော့ အဖော်တစ်စုံတစ်ယောက်ကို အလိုမရှိ။ အိမ်မှာ သူတစ်ယောက်တည်း နေချင်မိသည်။ အနားမှာ မည်သူ တစ်ဦးတစ်ယောက်မှ မရှိလေလေ သူ့အတွက် ကောင်းလေပါပဲ။

"မင်း ခေါင်းမမာနဲ့ မိုးည၊ မျက်စိမမြင်တဲ့သူက တစ်ယောက်တည်း ဒီအိမ်ကြီးထဲမှာ ဘယ်လို နေလို့ ရနိုင်မှာလဲ ..."

"မာမီနဲ့ ဒက်ဒီတို့ နောက်အိမ်ထောင်ကိုယ်စီ ပြုပြီး ထွက်သွားကြတည်းက၊ ဒီအိမ်ကြီးထဲမှာ ကျွန်တော် တစ်ယောက်တည်း နေလာခဲ့တာပါ။ အရင်အတိုင်း တစ်ယောက်တည်းပဲ ဆက်နေတာ ကောင်းပါတယ်။"

အလယ်တန်းကျောင်းသား အရွယ်တည်းက အိမ်ထောင်ရေး အဆင်မပြေခဲ့ကြသည့် သူ့မိဘတွေက မိုးညယံ အရွယ်ရောက်လာချိန် အထိ စောင့်ခဲ့ကြတာ ဖြစ်သည်။ သူအထက်တန်းကျောင်း ပြီးသွားသောအချိန်မှာပဲ မိဘတွေ ကွာရှင်းလိုက်ကြသည်။

တက္ကသိုလ်ကျောင်းသားဘဝ စတင်တဲ့ အချိန်တည်းက ဒီအိမ်မှာ သူတစ်ယောက်တည်းပဲနေခဲ့သည်။ ဘွဲ့ရသည်အထိ မိဘတွေက ထောက်ပံ့ကျွေးမွေးခြင်းတော့ ရှိ၏။ မိဘတွေက နောက်အိမ်ထောင် ကိုယ်စီပြုသွားကြပြီး နောက်ပိုင်း သူ့ထံ အလာကျဲသွားကြသည်။ အတူနေရန် မိဘတွေက ခေါ်ခဲ့ကြပေမယ့် သူကိုယ်တိုင်က လက်မခံမိ။

သူ့အသက် ၂၅နှစ်။ အလုပ်အကိုင်ရှိပြီး ဝင်ငွေလည်း အထိုက်အလျောက် ကောင်းခဲ့သည်။ သူ့ဘဝကို သူ့ဘာသာပဲ ရပ်တည်နိုင်ခဲ့၏။ Broken family ဘဝနဲ့ နေခဲ့ရသည့် သူ့မှာ အထီးကျန်သော အချိန်တွေက ပိုများလှသည်။ ရင်ထဲမှာ ခံစားနေခဲ့ ရသမျှကို ဖွင့်ထုတ်ပစ်ရန် သူကြိုးစားခဲ့သည်။

နူးညံ့စွာငြိတွယ်(Short Story)Where stories live. Discover now