4 »» (U & Z)

2.8K 397 5
                                    

(၄)

‌"နေရောင်ခြည်က နွေးနေတာပဲ။ မင်းခံစားမိလား မိုးည ..."

"အင်း ငါခံစားမိတယ် ရှင်း... အရမ်းနေလို့ ကောင်းတာပဲ ..."

ဆောင်းမနက်ခင်းတစ်ခုမှာ သူတို့အတူ လမ်းလျောက်ဖြစ်သည်။ ဆောင်းရာသီရောက်တိုင်း ထင်ရှင်းဟန်က သူ့လက်ကို ဆွဲကာ မနက်ခင်းတိုင်း လမ်းလျှောက် ထွက်ပေးတတ်သည်။ နေထွက်စပြုလာတဲ့အခါ နေရောင်ခြည်ကြောင့် နွေးထွေးသွားတတ်သည်။ ဒီလို အနွေးဓာတ်မျိုးကို သူနှစ်လိုသည်။

"မင်းဆီကနေ ရတဲ့ အနွေးဓာတ်လိုပဲ ..."

"ငါ့ဆီက ..."

"အင်း ..."

"ဘယ်လိုမျိုးကို ပြောချင်တာလဲ ..."

"ဉပမာ မင်းလက်တွေ ..."

"ငါ့လက်တွေ ..."

"အင်း မင်းလက်တွေက အမြဲနွေးနေတာပဲ။"

"ငါ့အသားက ပူလို့ဖြစ်မှာ‌ေပါ့ ..."

"ဟင့်အင်း မဟုတ်ဘူး။ မင်းစကားပြောတဲ့ အခါကျရင်လည်း နွေးထွေးတယ်။"

"စကားလုံးတွေက အပူအအေးဓာတ် ထုတ်လွှတ်နိုင်လို့လား မိုးညရယ်၊ မင်းကလည်း ...ဟား ဟား ..."

ရှင်းက ရယ်နေသည်။ ရှင်း ရယ်မောသံကအစ နူးနူးညံ့ညံ့ ညင်သာမှုရှိသည်။ အသံလာရာကို အာရုံစိုက်နေမိတတ်တာ သူအကျင့်တစ်ခုလို ဖြစ်လာခဲ့လေပြီ။ ထင်ရှင်းဟန်က သူ့ဘေးဘက် နေရာကနေ သူ့ကိုငဲ့ကြည့်ပြီး ရယ်နေတာဖြစ်မည်။ ဒါကို သူခန့်မှန်းလို့ ရနေ၏။

ရှင်းနဲ့အတူ သူနေထိုင်ခဲ့သည်မှာ သုံးနှစ်တာ ရှိခဲ့‌ပြီဖြစ်သည်။ ရှင်းရဲ့ မျက်နှာကို သူ မမြင်ရလျှင်တောင် ရှင်းရဲ့ အပြုအမူ စိတ်အခြေအနေတွေ အားလုံးကို သူအတော်များများ ခန့်မှန်းလို့ရပါ၏။ ဒီနှစ်တွေထဲမှာ တစ်ခါတရံ လာလည်တတ်သော သူ့မိဘတွေကလွဲ၍ အပြင်သူစိမ်း တစ်ယောက်နှင့်မှ သူ မဆုံတွေ့ဖြစ်ခဲ့။

သုံးနှစ်တာလုံး အနီးကပ် နေခဲ့ရသည့် ထင်ရှင်းဟန်ကိုသာ သူအခင်ဆုံး အတွယ်တာဆုံး ဖြစ်လာခဲ့ရသည်။ သံယောဇဉ်ဆိုတာ အချိန်တွေ ကြာလာတာနှင့်အမျှ တစ်ယောက်ရဲ့ ဘဝထဲကို တစ်ယောက်က ဝင်ရောက်သွားတော့တာပါပဲ။

နူးညံ့စွာငြိတွယ်(Short Story)Where stories live. Discover now