heart bell 🔔 EP 3

685 42 0
                                    

Prew : ငါ့ မှာ စိတ်ပူလိုက်ရတာဟယ် ၊ bebe ကားပေါ်ကနေ ဆင်းလာတာ မြင်ပြီး ပြောလိုက်တဲ စကားပါ ၊ ကားချင်းတိုက်တာဆိုတော့ "နင်" ဘယ်နား ထိသွားသေးလဲ ၊ ဟို ဘက်က ကားရော ဘယ်လောက်ထိခိုက်သွားလဲ ၊ "ဟိုဘက်က ကားသမားက နင့်ကို ဘာတွေ ပြောဆိုသေးလဲ ၊ ပြောပါဉီးဟယ် ... ၊ ငါ့မှာ ရင် တွေ တဒုန်း ဒုန်း နဲ့ အိမ်က စောင့်နေရတာ ၊ စိတ်ပူပြီး သေတော့မယ် ။

Bebe : " အမလေး လေး လေး " ၊ နင့်မေးတာတွေ များလွန်းလို့ ယာဉ်တိုက်မှုကြောင့် မသေဘဲ ၊ ငါ ... အမောဆိုပြီး သေတော့မယ် .... ။

အရင်ဆုံး ငါ့... ကို အိမ်ထဲ ၀င်ထိုင်ခိုင်းပြီး ရေ တခွက်လောက် တိုက်ပါဉီးလား ။ ငါ တော်တော် အမောစို့လာတယ် ၊ ရင်တွေ ပါ တုန်နေတယ် ခဏ နားမှ ရမယ် ဟ ....

Prew: ဟယ် .. ဟုတ်ပ ၊ နင့် ကြည့်ရတာ ဖြူဖတ် ဖြူရော် နဲ့ ၊ လာ.. လာ .. လာ အိမ်ထဲ ၀င်ကြစို့ ၊ ငါ တွဲမယ် နင့်ကို ...

ဆိုဖာပေါ်မှာ  ... ခဏထိုင်နေလိုက် ဟုတ်ပြီလား၊ ငါ ... နင့်အတွက် ရေယူ လာခဲ့မယ် ။ နင့် .. ဆေး ရော . ...

Bebe : "အင်း" ပါတယ် ၊ ငါ့ ပိုက်ဆံအိတ်ထဲမှာ ...

Prew: အေး အေး ငါ ရေယူလာမယ်နော် ၊ စိတ်အေးအေးထား အသက်မှန်မှန်ရှု " ၀င်လေ ထွက်လေ မှတ်နေလိုက် "။

Bebe : ရုတ်တရက်ကြီး ငိုချင်လာတဲ့ စိတ်တွေက ဝေဒနာကြောင့်လား ၊ love sick ဒဏ်ရာကြောင့် မသဲကွဲတော့ဘူး ၊ " ဒါကြောင့် ပြောစမှတ် ပြုကြတာနေမယ် ၊ အချစ်ဉီးကို နှစ်တရာ မမေ့သာတဲ့ " ၊ အတိုင်းအဆ မသိ အလိုလို ကျလာတဲ့ မျက်ရည်တွေက နွေခေါင်ခေါင်မှာ မိုးရွာချလိုက်သလိုပါဘဲ ၊ တင်းထားတဲ့ ကြားကနေ မျက်လုံးကနေ အသံတိတ်မိုးတွေ စစ်ခင်းနေကြပြီလေ ပါးပြင်ပေါ်မှာ ...။

Prew: ဟယ် bebe ဘယ်လို့ ငိုနေတာလဲ ၊ နှလုံး အရမ်းနာနေလို့လားဟာ .. ။ ‌ဆေးခန်းသွားပြကြမလား .. ဘယ်လို လုပ်ချင်လဲ ဟင် ...

Bebe:  ငါ .. ငါ .. ငါ သူ ကို တွေ့ခဲ့တယ် Prew ၊ ငါ ကားနဲ့ တိုက်မိသူက "por "လေ ၊ ငါ မေ့ပစ်ထားတာပါဘဲ ဟာ ၊ ဒါပေမယ့် နင်သိတယ် မလား "အချစ်ကြီးလေ အမျက်ကြီးလေတဲ့ "၊ ငါ သူကို အခု မချစ်တော့တာ မှန်ပါတယ်၊ ဒါပေမယ့် ဟာ အရင်ကအကြောင်းတွေ။

My sister Husband  (Fan Fic)(Complete) Where stories live. Discover now