my sister , understand for my love

598 38 4
                                    

အဖေ ညမလေး ခံစားချက်ကို ရော အလေးထားရဲ့လား၊ တချိန်က သူချစ်ခဲ့တဲ့ crush နော် ၊ အဖေတောင် ကျွန်တော်တို့ အဲကိစ္စကြောင့်ကျောင်းပြောင်းပေးခဲ့တာမလား ။ အဖေ ရဲ့ လုပ်ပုံတွေက မဟုတ်သေးဘူးနော်။

" ငါ မင်းညီမ ကို မေးပြီးပြီ ၊ သူ မှာ တခြား ချစ်နေရသူ ရှိတယ်တဲ့။ သူ ကန့်ကွက်စရာမရှိဘူးလို့ပြောတာဘဲ။ "

စိတ်ကနေဘဲ တိုးတိုးလေးရေရွတ်လိုက်တော့တယ် "ဘယ်ကန့်ကွက်ပါ့မလဲ သူ အခု ကြိုက်‌နေတာက ကျွန်တော့်ချစ်သူကိုလေ"။ အဖေ ကို ပြောပြလိုက်ရမှာလား ဒီကိစ္စကို !! ဟာ.. ထားလိုက်ပါမယ် ၊ ဒီကိစ္စကြောင့်ထပ်ပြီး ညမလေးနဲ့ အမုန်းမပွားချင်ဘူး။အဖေ သူ့ဘာသာ သိချိန်တန်ရင်သိသွားလိမ့်မယ်ပေါ့။

"နက်ဖြန် por အိမ်လာလိမ့်မယ် .."

အဖေ လုပ်ချင်တာသာ လုပ်တော့ အဖေရေ...

ဂျိမ်းခနဲ တံခါးကို ဆောင့်ပိတ်ပလိုက်တယ် ၊ ပြောချင်စိတ် ငြင်းချင်စိတ်ပျောက်လာပြီမို့။

"Build Jakapan  မင်း ဘာအချိုးချိုးတာလဲ ဟမ်..။ "

အော် အော် အဖေ ရေ ၊ အော်နေ .. !! ဖုန်းနားကျပ်ကို နားမှာ တပ်ပြီး အသံအကျယ်ကြီး ဖွင့်နားထောင်နေလိုက်တယ်။တခါတလေကျတော့ လူတွေက သည်းခံတဲ့ သူကိုဆို ပိုပြီး အနိုင်ကျင့်ချင်ကြတာဘဲ။ ကျွန်တော်နေရာမှာသာ ညမလေးဆိုရင် ပွဲသိမ်းနေပြီ။ဘာမှမစဉ်းစားချင်တော့တာမို့ အိပ်ပစ်လိုက်တယ်။

"ဒေါက်ဒေါက်....p build ထတော့လေ ၊ မနက်စာ မစားရင် ပိန်လှီနေလို့မလှဘဲဖြစ်သွားရင် ဘော့စ်က ပစ်သွားဉီးမယ်နော်။"

ဟင်... ညမလေး အသံပါလား ၊ bebe ပါရောက်လာတာလား ၊ အိပ်ရာကနေ အမြန်ထပြီးတော့ တံခါးထဖွင့်ပေးလိုက်တယ်။ ညမလေးက စိတ်ဆိုးပြေပြီနဲ့ တူတယ် အရင်စကားလာစပြောတာဆိုတော့လေ။

လာ ... အခန်းထဲ အရင်၀င်ထိုင်ပါဉီး bebe။ အကိုကြီးကို စိတ်မဆိုးတော့ဘူးပေါ့ ဟုတ်လား။ အကိုကြီး တောင်းပန်ပါတယ်နော် ညမလေး ချစ်ရသူ ကိုမှ ပြန်ကြိုက်မိလို့လေ။

"အစကတော့ ညမလေး စိတ်ဆိုးမိပါတယ် အကိုကြီးကိုပေါ့။ ဒါပေမယ့် မနေ့က ဘော့စ်က bebe ဆီ ဖုန်းဆက်လာတယ်။ သူ p build ကိုဘယ်လောက်ချစ်ကြောင်း ၊ မခွဲနိုင်ကြောင်းတွေ ပြောပြတယ်လေ။ ဘော့စ်က p bulid ကို အရမ်းချစ်တာဘဲနော်။"

My sister Husband  (Fan Fic)(Complete) Where stories live. Discover now