vegaspete ရဲ့ နိဒါန်း

500 28 5
                                    

ဆေးရုံအခန်းရဲ့ တံခါးပေါက်ကနေ ဆေးရုံကုတင်ပေါ်ထက်မှာ လဲနေတဲ့ ညမလေးကို မြင်လိုက်တော့ အခန်းတံခါးကို ဆွဲဖွင့်ပြီး ညမလေး နားကို ဖြေးဖြေးချင်းတိုးသွားလိုက်တယ်။

ညမလေးက တော်တော်လေးကို ဖြူဖျော့နေတာဘဲ ။မတွေ့ရတဲ့ အတော်အတွင်းမှာ တော်တော်လေးလည်း ပိန်သွားတယ်။
အိပ်နေတဲ့ ညမလေးက ဖြေးညင်းစွာ မျက်လုံးဖွင့်လာပြီး ပြုံးရိပ်သန်းတဲ့ မျက်လုံးတွေနဲ့ လှမ်းကြည့်နေတယ်။

" ကိုကြီး" .....

အင်း ၊ ညမလေး ပြောလေ အနားမှာရှိတယ်၊ ဘာမှ အားမငယ်နဲ့နော် အဆင်ပြေသွားမှာပါ ။

" ကိုကြီး ကို အရမ်းသတိရနေတာ သိလား ၊ ညမလေးကို အရမ်းမုန်းနေလားဟင် ။ တကယ်တော့လေ ..... "

ရတယ် ၊ မပြောပြနဲ့တော့ ညမလေး မောနေပါ့မယ်။ အကိုကြီးတခါမှ ညမလေးကို မမုန်းဖူးဘူး သိလား။ ဒါကြောင့် အားတင်းထားပေးရမယ်နော် ညမလေး။ ညမလေးရယ်     ကိုကြီးရယ် Bible ရယ် အတူတူ နေသွားကြမယ်လေနော်။

" ကိုကြီးရယ် ... ဟင့် ဟင့် ၊ ညမလေးကို ဂတိတစ်ခု ပေးပါလားဟင်။ တကယ်လို့ ညမလေး မရှိတော့ ရင်လေ ၊ ကိုကြီးဘဲ ညမလေးရဲ့ သားလေးကို စောင့်ရှောက်ပေးပါလား။ ဟို မိသားစုလက်ထဲ မပေးပါနဲ့ နော် ။ ညမလေး ညက အိမ်မက်မက်တယ် သိလား၊ အိမ်မက် ထဲမှာ သားလေးကို သူတို့ရဲ့ မြေးဆိုပြီး လာတောင်းကြတယ်တဲ့။ နော် ကိုကြီး ဒီ ဂတိလေးဘဲပေးပေးပါ။ ကလေးကို ဘယ်သူလက်ထဲမှ မထည့်ဘဲ ကိုကြီး စောင့်ရှောက်ပါမယ်လို့လေ ၊ဒါ ညမလေးရဲ့ နောက်ဆုံးဆန္ဒပါ"

ချာတိတ် ၊ ဘာမှ ပူနေစရာမလိုဘူးနော် ။ စိတ်အေးအေးထားပါ ကိုယ်တို့တွေက တရား၀င် လက်ထပ်ထားကြတာလေ ။ သူတို့ တောင်းတိုင်း ပေးစရာအကြောင်းမှ မရှိတာ ၊  စိတ်ချပါ ။ ကလေးက တို့တွေ လက်ထဲမှာဘဲ ကြီးပြင်းစေရမယ်။

"ဟုတ်ကဲ့ ... ဘော့စ် ၊ ကျေးဇူးပါ "

  ဒေါက် ဒေါက် ..... ၊ ကျွန်တော် ၀င်လာခဲ့လို့ရမလား ခင်ဗျ။

" Bibi လည်း ရင်းနှီးနေတဲ့ အသံလေးမို့ ကြည့်ကြည့်လိုက်‌တော့ ၊ သူမ စောင့်ရှောက်ထားတဲ့ Pete လေး ဖြစ်နေတယ်။ အော် .... ၀င်ခဲ့လေကွယ် ။"

My sister Husband  (Fan Fic)(Complete) Where stories live. Discover now