betrayed

641 47 4
                                    

Be: ဟဲလို ဘော့စ် ၊ bebe  နေသိပ်မကောင်းလို့ပါ ၊ အဲဒါ တရက်တော့ ခွင့်ယူချင်လို့ ဖုန်းဆက်လိုက်တာပါ။ ဘော့စ် ဒီနေ့ ချိန်းဆိုထားတာတွေ လက်မှတ်ထိုးရမယ့်ဟာတွေ bebe  စားပွဲပေါ်မှာ တင်ပေးထားပါတယ် ။

ကျွတ် .. ကျွတ်

ဖုန်းပြောနေရင်းနဲ့ ကို ဗိုက်က အောင့်အောင့်လာတာ အရမ်းဘဲ ....

BB: အင်း ရပါတယ် တရက်နားလိုက်ပါ။ချာတိတ်မဆီကနေ ကနေ တကျွတ်ကျွတ်နဲ့ နာကျင်ခံစားနေရတဲ့ အသံတွေကြားရတယ်။ ဗိုက်နာနေတာ အရမ်းပြင်းနေလား မသိဘူး။

Bebe အဆင်ပြေရဲ့ လား....

Be: ဟင့် .. ဟင့် ၊ ဗိုက်က အရမ်းနာနေတာ ဘော့စ် ၊ ဒီလို အချိန်ဆိုရင် ဗိုက်ကို ဓါးနဲ့ တဇွတ်ဇွတ်ထိုးပစ်လိုက်ချင်တာ။
Bebe သိပါတယ် ဘော့စ် ၊ ဘော့စ် မနေ့က မသိချင်ယောင်ဆောင်ပေးသွားတယ်ဆိုတာ လေ ။ ဘော့စ် အကျီက အသစ်ဘဲရှိသေးတာလေ ၊ မတတ်သာလို့ ယူသုံးလိုက်ပါတယ်။ နောက်မှ အသစ်ပြန်၀ယ်ပေးပါမယ်။

အား.. ချွမ် ခလွမ်....

Bb: bebe bebe...

ပြန်လည်း မပြောတော့ပါလား ၊ ဘာဖြစ်တာပါလဲ။ မဖြစ်တော့ ဘူး သွားတော့ ကြည့်လိုက်ဉီးမယ်။

သူ. အိမ်လိပ်စာကို သိရဖို့ CV form ကို computer ကနေ ရှာလိုက်တယ် ။ ဟော ... တွေ့ပြီ

ဟင် ....

ဒီအိမ်လိပ်စာကို ကျွန်တော် ကောင်းကောင်းသိတယ်လေ။

အဲဒါနဲ့ သေချာအောင်လို့  မောင်နှမရှိပါက ဖြည့်ရန် ဆိုတဲ့ နေရာမှာ အကို ရှိတယ်ဖြည့်ထားပြီးတော့ နာမည်က build jakapan puttha တဲ့လား....

သူ က သူက ဒါဆို build ရဲ့ ညမလေးပေါ့ ၊ အာ...
အဲကြောင့် မြင်ဖူးပါတယ်ထင်နေတာကို build အိမ်သွားတုန်းက ဓါတ်ပုံတွေ့ခဲ့တာဘဲ ။

အမှတ်တမဲ့ ကြည့်ဖြစ်တာဆိုတော့ သိပ်ပြီးတော့ အာရုံမထားမိတော့ မမှတ်မိတာ။ ဘယ်လို ရေစက်တွေ့ပါလိမ့် ၊ အကုန်လုံးတော့ ရှုပ်ထွေးကုန်ပြီရော။

ဒါခဏထားရဉီးမယ် ဟိုချာတိတ်မ ကို စိတ်ပူလို့ အရင်သွားကြည့်ရဉီးမယ်။ မန်နေဂျာ အခန်းကို သွားပြီး အပြင်သွားဖို့ပြောရင်းနဲ့ အရေးကြီးရင် ဖုန်းဆက်ဖို့ပါ မှာခဲ့လိုက်တယ်။

My sister Husband  (Fan Fic)(Complete) Where stories live. Discover now