အခန်း၄ Unicode

731 26 1
                                    

သားကိုကြိုပြီး အိမ်ပြန်လာစဉ် မောင့်ဆီကဖုန်းလာသည် ဖုန်းကိုင်လိုက်လျှင်

"ဟယ်လို မောင်"

ဘေးကသားကသူ့အဖေဆီကလာမှန်းသိလို့နဲ့တူတယ် လှုပ်ရွရွနဲ့

"သီရိ မာမီတို့ကဒီည ညစာလာစားဖို့ခေါ်နေတယ် မောင်ရုံးကအပြန်ဝင်ခေါ်မယ်နော် သားရောသီရိပါပြင်ဆင်ထားဖို့ လှမ်းပြောတာသီရိ ခုအိမ်မှာလား"

"မဟုတ်ဘူးမောင် သီရိတို့သားကိုကြိုပြီးအပြန်လမ်းမှာ သီရိတို့ပြင်ဆင်ထားလိုက်မယ်နော် မောင်လဲဂရုစိုက်ပြန်ဦး "

"မေမေသုလဲပြောမယ်သုကိုပေး "

"မောင်ရေမောင့်သားပြောဖို့တဲ့ "

"ဟယ်လိုဖေဖေ သားရေခဲမုန့်စားချင်တယ် မေမေကဝယ်မကျွေးဘူးတဲ့ "

ဒီကောင်လေးသူလိုချင်တာမရတာကိုသူ့ဖအေ ကိုပြန်တိုင်နေတာ ကြည့်ဦး ဟိုဆိုင်အရှေ့မှာကိုယ်ကချက်ကျလက်ကျပြောတုန်းက နာလည်ချင်ယောင်ဆောင်ပြီး သူ့အဖေကသူ့သားလိုချင်သမျှဆိုအမြဲဖြည့်ဆည်းပေးနေကျဆိုတော့ သူလိုချင်တာရှိရင်သူ့အဖေကိုတန်းသတိရပြီ တကယ့်မလွယ်ကြောကောင်လေး

"ဟယ်ကြည့်စမ်းမေမေပြောတုန်းက သားနားလည်ပါတယ်ဆို "

"ဖေဖေပြန်လာရင်ဝယ်ခဲ့မယ်နော် ငါ့သား ဘာအရသာစားချင်လဲ ပြောငါ့သားအကြိုက်ဖြစ်စေရမယ်"

"ချောကလိတ် ချော်ကလိတ်ဖေဖေ ဟီး ဖေဖေအကောင်းဆုံး"

သူလိုချင်တာရတော့ဖြီးနေရောပဲ

"မောင် သားအလိုအရမ်းမလိုက်နဲ့လေသွားတွေကျိုးကုန်မှ မောင့်သားရုပ်ဆိုးသွားမှာ"

"သီရိရယ် ကလေးပဲသူ့စားချင်တာလုပ်ချင်တာလုပ်ပါစေ သွားကျိုးလဲသွားပြန်ပေါက်မှာပေါ့ကွာ ကလေးစိတ်ချမ်းသာဖို့အဓိကကို သားစိတ်ညှိုးရမှာမလိုလားဘူး သီရိကလေ တကယ့်အဘွားကြီးပေါက်စဖြစ်နေပီသိလား"

"အမယ်လူကိုများ ရှင်တို့သားအဖနှစ်ယောက် ကတည့်ရင်လဲနှစ်ယောက်မရှိ တော်ပီ ကြားထဲကကျွန်မပဲလူဆိုးမဖြစ်ကျန်ခဲ့တယ် မပြောတော့ဘူး ဟင်းးး အဲ့ဒါဆိုဒါပဲလေမောင် သီရိတို့စောင့်နေမယ်နော်"

စိတ်၏ခေါ်ဆောင်ရာ နယ်နိမိတ်Where stories live. Discover now