အခန်း ၁၀ Unicode

563 21 3
                                    

မောင်တစ်ညလုံးပြန်မလာမှန်းသီရိသိပေမယ့် စိတ်ကမောင့်ဆီပဲရောက်‌ပြီး အိပ်မပျော်ဖြစ်ပေ မောင်စိတ်ညစ်နေတာကိုမဖြေလျော့နိုင်‌ေပးတဲ့ကိုယ့်ကိုကိုယ်လဲ အားမလိုအားမရဖြစ်မိတယ် သီရိကသားအတွက်ပဲအချိန်ကုန်နေမိတော့ မောင့်အတွက်အချိန်ပေးတာတွေနည်းသွားခဲ့လို့ အားနာရပါတယ် ဒါပေမယ့်မောင်ကနားလည်ပေးနိုင်မယ်လို့သီရိယံုကြည်ပါတယ် မိဘနေရာတွေတောင်ရောက်ခဲ့ကြပြီးပဲမဟုတ်လား သီရိများအစိုးရိမ်လွန်နေမိတာလားမသိ

ဒီတစ်ညလုံးမောင်မရှိတော့သားလေးအခန်းသွားအိပ်ခဲ့သည် သားကတော့သူ့အမေနဲ့အိပ်ရလို့ပျော်ပြီးနှစ်နှစ်ခြိုက်ခြိုက်ရှိပုံရသည် သားကိုကျောင်းပို့ပြီးရင်တော့မောင့်ရုံးကိုသွားရမည်။

။။။။။။

ရာဇာထလာပြီး ဖုန်းကိုဖွင့်ကြည့်လိုက်သည် သီရိခေါ်ထားတာတွေတွေ့ပြီး မျက်လုံးပြူးသွားသည် စိတ်တိုနေတာနဲ့လုပ်ချင်ရာလုပ်တတ်တဲ့အကျင့် သီရိစိတ်ပူနေ‌ေတာ့မယ် အရင်အခါတွေဆိုလည်းပြန်မလာဖြစ်ပေမယ့် ဖုန်းဆက်သေချာပြောခဲ့နေကျပင်ဖြစ်သည် ဒီတစ်ခေါက်ကတော့ ဟိုကောင့်ကိစ္စရော သီရိကပါလျစ်လျူရှုတော့ စိတ်ရှုပ်စရာတွေကမိန်းမဖြစ်သူအပေါ်ပုံကျမိသွားတာတော့အမှန်ပင် ထိုနောက်သီရိကိုပြန်ခေါ်ရန်ဖုန်းဆက်လေသည်

သီရိလဲဖုန်းမြည်သံကြားသော် ပြာပြာသလဲကောက်ကိုင်မိသည်

"ဟယ်လို.. မောင်လား"

"သီရိဆော်ရီး မောင်ဖုန်းအားကုန်သွားလို့ ရုံးမှာပဲအိပ်ဖြစ်လိုက်တယ်"

"မောင်အဆင်ပြေရင်ပီးတာပဲ သီရိမောင့်အတွက်ထမင်းဗူးနဲ့ အကျီယူလာပေးခဲ့မယ်နော်"

"အင်း ကျေးဇူးပဲနော် မောင်စောင့်နေမယ်"

"ဟုတ်ကဲ့မောင်"

တော်ပါသေးရဲ့ဖုန်းပိတ်ထားတော့ဘာများဖြစ်တာလဲလို့တစ်ညလုံးစိတ်ပူနေတာ မောင့်ဆီဖုန်းဆက်မရလို့ ကိုဖြိုးကိုခေါ်ကြည့်ပါသေးတယ် ကိုဖြိုးကလည်းအိမ်မှာပဲတဲ့အဝေတောင်လှမ်းပြောနေသေးတာ လူကနှစ်ဆလောက်ပိုပူသွားတာတော့အမှန်ပဲ မောင်ဟာအမြဲတဇွတ်ထိုးလုပ်တတ်တာတွေကြောင့်အမြဲပူနေရတယ် အရင်ကဆိုခုလိုပြန်မလာဖြစ်တောင် သီရိဖုန်းဆက်သမျှစိတ်မပူစေဖို့ဖြေပေးလေ့ရှိသည်။

စိတ်၏ခေါ်ဆောင်ရာ နယ်နိမိတ်Where stories live. Discover now