အခန်း ၁၃ Zawgyi

194 6 0
                                    

ခရာအိပ်ယာနိုးလာစဉ် ဘေးကဦးရှိရာဖက်ကိုလက်ဖြင့်စမ်းနေပေမယ့် ဟာလာဟင်းလင်းကြီးသာ ထွက်သွားပြန်ပီနဲ့တူတယ် ခရာလည်းမျက်နှာညှိုးညှိုးနဲ့ခုတင်ထက်ထိုင်နေစဉ်

ဂျလောက်

ရေချိုးဝတ်လုံနဲ့ထွက်လာသောဦး ဝတ်လုံကရင်ဘတ်နေရာမှာဟထားသောကြောင့်ရင်အုံပိုင်းကြီးကကျယ်ကျယ်ပြန့်ပြန့် ရေချိုးပြီးကာစမို့ရေစက်များကတွဲခိုလျက် ခေါင်းလျှော်ထားပုံရတဲ့ဆံပင်လေးတွေကပိုကရိုနဲ့လူငယ်ဆန်လှသည် ဦးဟာတကယ့်ကိုလူချောကြီး ခန့်ညားလွန်းတဲ့ငယ့်ရဲ့ဦးပါလေ ရာဇာ့ကိုမြင်တော့ ခရာမျက်နှာထက်ဝမ်းသာပြုံးလေး ပေါ်ထင်လာသည်

"ခရာနိုးနေပီလား" ရာဇာခေါင်းလျှော်လာ‌တဲ့အတွက်ကြောင့် ‌လက်တစ်ဖက်ဖြင့်ခေါင်းကိုသုတ်ပြီးမေးလာသည်

"ဟုတ် ဦးမရှိတော့ဘူးထင်လို့" ခရာညှိုးငယ်စွာပြောလာသောအခါ

"ခရာနိုးတဲ့ထိစောင့်ပေးပါမယ်ဆို"

"ဟုတ် ဦးဒီနားလာခဲ့" ခရာက လက်လေးယှက်‌ပြီးရာဇာ့ကိုခေါ်လေသည် ရာဇာကလည်းကလေးခေါ်ရာဆီရောက်လာပြီး ဘာလဲဆိုပြီးကြည့်လိုက်လျှင် ရာဇာ့ခေါင်းကိုသုတ်ပေးဖို့လှမ်းခေါ်သည်ကိုသိရတော့သည် ကလေးရဲ့ချစ်ဖို့ကောင်းမှုတွေကြောင့်ပျော်ဝင်ပြီးရင်းပျော်ဝင်နေရတော့သည်

"ဦး ဒီနေ့ပြန်သွားပြီးရင်မလာတော့ဘူးပေါ့နော်" ရာဇာ့ခေါင်းကိုသုတ်ပေးနေရင်းဖြင့်အသံငယ်လေးဖြင့်မေးမြန်းလာသောကလေးငယ် ရာဇာလည်းစိတ်မကောင်းဖြစ်သွားရသည်

"မဟုတ်တာ ဦးအားရင် ခရာ့အတွက်အချိန်တွေကြီးပဲ အလုပ်အားတာနဲ့ခရာ့ဆီလာခဲ့မယ် ဦးကိုနားလည်ပေးနော်"

"အင်းပါ ဦးကအလုပ်များတဲ့သူပဲဟာ နားလည်ပါတယ် ခရာ့ကိုတော့မပစ်ထားပါနဲ့နော် ခရာမှာအားကိုးစရာဆိုလို့ဦးပဲရှိတာ"

"အင်းပါ ဦးကခရာလေးကိုအပြည့်အဝကာကွယ်ပေးမှာ စိတ်အားမငယ်နဲ့" ခေါင်းသုတ်ပေးနေသောခရာ့လက်ကလေးကိုဆွဲယူရင်း မျက်နှာချင်းဆိုင်လှည့်လိုက်ပြီး ခရာ့ပခုံးထက်မှပွေ့ပိုက်လိုက်ကာ ရင်ခွင်ထဲထည့်ပီး အားငယ်သူလေးကိုနှစ်သိမ့်နေပေးနေရသည်

စိတ်၏ခေါ်ဆောင်ရာ နယ်နိမိတ်Where stories live. Discover now