အခန်း၆ Zawgyi

237 5 0
                                    

ဒီလိုနဲ့ပဲ ခရာတို့ဆွေတို့လဲ ဆယ်တန်းစာမေးပွဲကြီးပြီး အောင်စာရင်းကိုစောင့်နေကြအချိန်ကာလဖြစ်သည် ဆွေကတော့ သူငယ်ချင်းတွေနဲ့ပျော်ပါးသွားလည်နေပေမယ့် ခရာကတော့အိမ်မှာ အိမ်အလုပ်လုပ်ပြီးရင်းသာဖြတ်သန်းနေရသည်

ခရာသည် များသောအားဖြင့်အဘိုးအခန်းထဲမှာသာအနေများသည် အဘွားတို့ ဒေါ်လေးတို့ခိုင်းစရာရှိမှသာ အပြင်ထွက်လုပ်ပေးသည်

ဒီနေ့အဘွားတို့ဒေါ်လေးတို့က ထုံးစံအတိုင်း အလုပ်သွားသည် ဆွေကတော့ သူငယ်ချင်းတွေနဲ့ပေါ့ ခရာ‌‌ကတော့ အိမ်မှာအဘိုးနဲ့သာကုန်ဆုံးမည် အဘိုးက ကုလားထိုင်မှာထိုင်နေလျက်ခရာကဘေးမှာထိုင်ပြီးအဘိုးကိုနှိပ်ပေးနေသည်

"ငါ့မြေး ဂုဏ်ထူးမှန်းထားသေးလား"

"ဟုတ်ကဲ့ဘိုး သုံးလုံးလောက်ပါပဲ"

"ငါ့မြေးက တော်ပါတယ်ကွာ ငါ့မြေးကိုမြင်နေရတော့ မင်းအမေကိုအဘိုးသိပ်သတိရတယ် အဘိုး‌သိပ်နောင်တရတယ် ငါ့သမီးလေးကို မတွေ့လိုက်ရရှာဘူး အဘိုးတို့ကိုခွင့်လွှတ်ပေး‌ဖို့မတောင်းဆိုချင်ပါဘူးကွာ"

"အဘိုးရယ် စိတ်မကောင်းမဖြစ်ပါနဲ့ မေမေကအဘိုးတို့ကိုသိပ်ချစ်တာ အဘိုးတို့ကိုအပြစ်လုံးဝမတင်ပါဘူး မေမေက သူ့ဘာသာပဲအပြစ်ရှိသလိုခံစားနေရရှာတာ အဘိုးတို့ကသာခွင့်လွှတ်ပေးခဲ့ရင်သိပ်ကောင်းမှာပဲ မေမေပျော်နေရှာမှာ"

"အဘိုးအမှားတွေပါ ငါ့မြေးလဲမင်းအဘွားကို နားလည်ပေးပါနော် မမတင်ကသိပ်အတ္တကြီးတာ မာနလဲကြီးတယ် မင်းအဘွားအကြောင်းသိတယ်မလား ငါ့မြေးကပဲသဘောထားကြီးပေးပါကွာ အဘိုးတောင်းဆိုပါတယ်"

"ခရာနားလည်ပြီးသားပဲ အဘိုးရယ် ခရာ့ကို ဒီ‌အိမ်ပေါ်မှာ နေခွင့်ပြုပေးနေတာကိုပဲကျေးဇူးတင်နေလှပါပြီ အဘိုးဘာမှမတွေးနဲ့နော် "

"အေးပါ အေးပါ... ကဲတော်တော့ ငါ့မြေးညောင်းနေရော့မယ် သွားလုပ်စရာရှိတာလုပ်တော့ အဘိုးတရားမှတ်လိုက်ဦးမယ်"

"ဟုတ်ကဲ့ဘိုးလိုတာရှိရင်ခရာ့ကိုခေါ်လိုက်နော်ဘိုး"

"အေး.... အေး"

စိတ်၏ခေါ်ဆောင်ရာ နယ်နိမိတ်Where stories live. Discover now