အခန်း ၇ Zawgyi

216 4 0
                                    

မနက်‌နေအလင်းရောင်ခြည်က ရာဇာတို့အခန်းကိုထိုးဖောက်ဝင်ရောက်လာသည် သီရိလဲအလင်းရောင်စူးစူးကြောင့် အိပ်ရာနိုးလာလေသည် သီရိသည်ရာဇာ့လက်မောင်းပေါ်ခေါင်းအုံးအိပ်လျက် ရာဇာကတော့သီရိရဲ့ပုခုံးကိုဖက်ကာအိပ်ပျော်နေသည်

သီရိလဲအိပ်ယာနိုးလာတော့ သီရိကိုဖက်ထားတဲ့မောင့်ကိုမော့ကြည့်မိသည် မောင့်မျက်နှာအစိတ်အပိုင်းတစ်ခုချင်းဆီကို သီရိလက်ညှိုးလေးနဲ့ထိကြည့်သည် မောင်ဟာတကယ့်ချောမောခြင်းတွေနဲ့ပြည့်စုံတဲ့လူသားတစ်ယောက်ပါပဲ ဒီလိုချောမောတဲ့ယောက်ျားတစ်ယောက်ကို ပိုင်ဆိုင်ရတဲ့သီရိဟာကံကောင်းတယ်ဆိုရမလားပဲ

မောင့်ချောမောခြင်းေ‌တွကိုအကဲခတ်နေတာနဲ့မောင်နိုးလာရင်ဒုက္ခပါပဲ သီရိမောင့်ကိုဒီလိုအနေအထားကြီးနဲ့ရင်မဆိုင်ရဲဘူး မနေ့ညကအကြောင်းတွေးမိပြန်တော့ အရှက်သည်းလာရပြန်ပါပီ သီရိဆိုတဲ့မိန်းမဟာသိပ်ကိုအရှက်ကြီးလွန်းပါတယ်လေ မောင်ဟာသိပ်ကိုနားလည်မှုရှိတဲ့ယောက်ျားပေမို့ပေါ့ သီရိမကြည်ဖြူပေးသ၍ ဘယ်တော့မှရှေ့ဆက်မတိုးခဲ့ဘူး အိမ်ထောင်သက်၅နှစ်လုံးခုချိန်ထိအသားမကျသေးတဲ့သီရိကို မောင်ကမငြိုငြင်ခဲ့ရှာဘူး အဲ့ဒါတွေကြောင့်လဲမောင့်ကိုလေးစားပြီးချစ်နေရတာပေါ့

သိရိကိုဖက်ထားတဲ့မောင့်လက်ကိုအသာအယာဖယ်ချပြီးအိပ်ယာကထကာ ရေချိုးခန်းထဲဝင်လာလိုက်သည် ရေချိုးပြင်ဆင်ပြီးနောက် မောင့်အတွက်သွားတိုက်ဆေး‌ထည့်ပေးထားခဲ့လိုက်သည်

ရေချိုးခန်းထဲကထွက်လာပြီး အိပ်ယာပေါ်လှမ်းကြည့်လိုက်လျှင် မောင်အိပ်ကောင်းတုန်းနဲ့တူပါသည် သီရိထလာတုန်းကအတိုင်းပဲ‌နေရာမရွေ့အိပ်နေသည် မောင့်အတွက်ဝတ်စုံထုတ်ထားပေးပြီး အိပ်နေတဲ့မောင့်နားသွားကာစောင်ခြုံပေးခဲ့လိုက်သည်

သီရိလဲအဝတ်လဲပြုပြီး သားကိုသွားကြည့်ဖို့ သားအခန်းကိုထွက်လာလိုက်သည် အခန်းတံခါးကိုအသာအယာဖွင့်ပီးသားကိုကြည့်လိုက်လျှင် ကိုယ်တော်ချောလေးက အပီအပြင်အိပ်နေလေသည် ပက်လက်ကလေးအိပ်ကာ ကုတင်ခေါင်းရင်းကို ခြေထောက်ပေးထားလေသည် သုတရာဇာတို့က တခြားအချိန်တွေဆိုမဆော့ အိပ်နေရင်တော့ ဆော့အိပ်ရှာသည် သီရိလဲသားအခန်းထဲဝင်ကာ သားကိုချီပြီးနေရာတကျပြန်အိပ်စေပြီး စောင်လေးခြုံပေးကာ ထွက်လာခဲ့လိုက်သည် သားနဲ့မောင့်အတွက်မနက်စာပြင်ဆင်ဖို့ အောက်ဆင်းလာတော့သည်

စိတ်၏ခေါ်ဆောင်ရာ နယ်နိမိတ်Where stories live. Discover now