အခန်း ၁၁ Unicode

571 24 5
                                    

သီရိ ရာဇာပြန်လာမည့်အချိန်ကိုဧည့်ခန်းမှာထိုင်‌ေစာင့်နေလေသည် မောင်နဲ့ပြေပြေလည်လည်သာ ပြောချင်ပေမယ့် သီရိပြောသမျှကိုမောင်ကစိတ်တိုင်းမကျ ဘာပဲဖြစ်ဖြစ်ပါလေ ကိုယ့်ယောက်ျားကိုနားလည်ပေးနိုင်ပါတယ် သူ့ခမျာမိသားစုအတွက်အလုပ်တွေ ကြိုးစားလုပ်ပေးနေရှာပါတယ်

ရာဇာပြန်လာပြီးအိမ်ထဲဝင်လိုက်စဉ် ဧည့်ခန်းတွင်ထိုင်နေသောသီရိကိုတွေ့လိုက်ရသည် ဘာတွေအတွေးများနေလဲမသိ ကိုယ်လာတာတောင် အာရုံမရောက်အား မနက်ကကိစ္စကြောင့်ထင်သည် ရာဇာလဲသီရိနားသွားပြီး ဆိုဖာပေါ်ထိုင်နေသောသီရိကိုလှမ်းခေါ်လိုက်သည်

"သီရိ ဘာတွေတွေးနေတာလဲ မောင်ပြန်လာတာတောင်သတိမထားမိလောက်အောင်လေ"

သီရိလည်းမောင်သဘောတွေ့အောင်ဘယ်လိုတွေလုပ်ပေးရမလဲစဉ်းစားတွေးတောနေတာ မောင်ပြန်လာတာတောင်မသိလိုက်ဘူး

"အော် မောင်တောင်ရောက်လာပြီလား ပေးပေးသီရိကို မောင်အတွက်သံပုရာရည်ဖျော်ပေးထားတယ် ဒီမှာသောက်လိုက်ဦးမောင်"

"အင်း.."

မောင့်အိတ်ကိုယူလိုက်ပြီး သံပုရာရည်ခွက်လေးကိုထိုးပေးလိုက်သည် မောင်ကတော့ထိုင်သောက်ပီးအမောဖြေနေလေရဲ့ သီရိကတော့မောင်နဲ့အချင်းများတိုင်း တွေးဆဆလေးနဲ့မောင်အဆင်ပြေအောင်ဘယ်လိုလုပ်ပေးရမလဲ စဉ်းစားပေမယ့် မောင်ကတော့ ဖြစ်ပြီးရင်ပီးသွားတာပါပဲ သီရိကိုကအတွေးများနေတယ်ထင်ပါ့

"သားရော သီရိ အသံမကြားမိပါလား"

"ဟုတ်တယ် အဖေတို့လာခေါ်သွားတယ်‌ အဲ့အိမ်မှာနေဦးမယ်တဲ့ မောင့်ကိုတော့ပြန်လာမှပြောမယ်ဆိုပြီး မဆက်တော့တာ"

"သားအသံမကြားတော့လဲ တိတ်နေရောနော်"

"အင်း ဟုတ်တယ်နော် သားကိုတောင်လွမ်းသွားပြီ"

"မောင့်ကိုတော့မလွမ်းဘူးနော်"

"မောင်ကတော့ ကလေးကလားတွေပြောပြန်ပီ"

သီရိကရယ်ရင်းပြောလာလေတော့ ပုံမှန်အတိုင်းကြည်နူးမိပြန်ပါပီ လင်နဲ့မယားလျှာနဲ့သွားဖြစ်သလိုပေါ့ ဒါပေမယ့် သီရိကပြဿနာမှမဖြစ်တတ်တာ ယောက်ျားတန်မဲ့ကိုယ်ကိုတိုင်ကိုယ်က ပြဿနာရှာနေသလားမသိတော့။

စိတ်၏ခေါ်ဆောင်ရာ နယ်နိမိတ်Where stories live. Discover now