Ep__1🥕🦊

1.2K 64 5
                                    


မိုးသည်းထန်စွာရွာသွန်းလာပီး တောင်ကျရေတွေမှာပြည့်လျှံလာပီး တောအုပ်၏မြေပြင်အထက်ပင်ရောက်နေပီဖြစ်သည်

ကုန်းနေသတ္တဝါမျိုးနွယ်စုတွေမှာ ပြေးလွှားရင်းအသက်လုနေရသည်။ရေရှိန်ကတော့ တဖြည်းဖြည်းတက်လာနေစမြဲ

ဝံပုလွေမျိုးနွယ်စုတွေက တောင်ထိပ်ကထိုမြင်ကွင်းကိုကြည့်ကာ မိုးသောက်ချိန်ရောက်တာနဲ့ သားကောင်လိုက်ရတာလွယ်ကူတော့မယ့် အရေးတွေးကာပျော်ရွှင်နေကြလေသည်

....
ရေကျသွားပေမယ့် ကုန်းမြေတွေကစိုစွတ်ကာအသိုက်ပျက်သွားသော ငှက်မျိုးစိတ်တွေ၏ တကျီကျီအော်သံက တောအုပ်ပတ်ဝန်းကျင်ကို ကြီးစိုးလေတော့သည်။

ယုန်ဖြူလေးက မကြာသေးခင်ကမှ လမ်းစလျောက်တက်တာဖြစ်ပီး မတိုင်ခင်တစ်ချိန်လုံး သူ၏မိခင်က ကိုက်ချီကာ နေရာအနှံခေါ်ဆောင်သွားတာဖြစ်သည်

...
ရုတ်တရက် သူ၏အမေယုန်မကြီးက ​ေရစီးနှင့်အတူပါသွားပီး အခုထိပြန်လာမလာသေးပေ။ယုန်ဖြူလေးက သူ၏ပန်းရောင်သန်းနေတဲ့လက်ကလေးတွေနဲ့ နားရွက်ကို မမှီတမှီလှမ်းကုတ်ကာ အပြင်သို့ ထွက်လာလိုက်သည်။

တောအုပ်၏အသက်အကြီးဆုံး အဖိုးဇီးကွတ်ကြီးက ယုန်ဖြူလေးကို မြင်သည့်အခါ စိတ်မကောင်းဖြစ်မိသွားသည်။

တောအုပ်လိုနေရာမျိုးမှာ အကာအကွယ်မရှိဘဲနေထိုင်ရတာ ဘယ်လောက်တောင်အန္တရယ်များလိုက်သလဲ။

"jenရေ လျှောက်မသွားနဲ့"

ယုန်ဖြူလေးက ဇီးကွတ်အဖိုးကို မျက်လုံးအဝိုင်းလေးတွေနဲ့ မော့ကြည့်လိုက်ကာ ပြူးကျယ်မည်းနက်နေသော မျက်လုံးကြီးတွေကို မြင်တဲ့အခါ လှစ်ခနဲ ထွက်ပြေးတော့သည်။

.......

ယုန်ဖြူလေးက ပြေးလာသည့်အရှိန်ကိုရပ်ပီး ကုန်းမြင့်တစ်နေရာမှာ ရပ်တန့်လိုက်သည်။သူ့နှလုံးသား သေးသေးလေးမှာ တလှပ်လှပ်ဖြစ်နေတုန်းပဲ။

မျက်လုံးကြီးက အရမ်းပြူးတာပဲ😬 ကြောက်လိုက်တာ😢

သူ့ရဲ့နှာဝကို တိုးဝှေ့လာသော လတ်ဆတ်သည့်ရနံ့လေးကြောင့် ယုန်ဖြူလေး နှာတရှုံရှုံလုပ်လိုက်မိတယ်။သူလှမ်းကြည့်လိုက်သည့်အခါ နီရဲတုတ်ခိုင်ပီး ကြီးမားတဲ့ မုန်လာဥကြီးတွေကို မြင်လိုက်ရသည်။

The fox girl is my lover🥕🦊(Completed)Where stories live. Discover now